မူးယစ်ဆေးဝါးဖမ်းဆီးရာမှာ ဓားဖြင့်ထိုးခံရလို့ မဏိပူရရဲတပ်ဖွဲ့ဝင်တဦး ကျဆုံး
Border News Agencyအိန္ဒိယ၊ ဇွန် ၄။ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ သောင်ဘယ်လ်ခရိုင်၊ မိုအီဂျင်ဧရိယာမှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဆောင်ရွက်နေချိန် မူးယစ်ဆေးဝါးမှောင်ခိုကူးသူတဦးရဲ့ ဓားနဲ့ထိုးနှက်တိုက်ခိုက်လို့ မဏိပူရရဲတပ်ဖွဲ့မှ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တဦး ကျဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီမိုအီဂျင်ဧရိယာမှာ ဇွန်လ ၃...



