အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေဘေးကင်းလုံခြုံရေးအပါအဝင်ပြန်လည်တည်ဆောက်ရေးကိုလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အဲဒီလိုပြန်လည်တည်ဆောက်ရေးတွေမှာ နိုင်ငံတကာအကူအညီတွေလိုအပ်နေပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကဖိတ်ခေါ်တာဝန်ယူပေးသင့်တယ်လို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အဲဒီအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကိုအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပိုမိုနေရာပေးသင့်သလို အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို အသိအမှတ်ပြုပြီးအခွင့်အရေးတွေဖော်ဆောင်ပေးသင့်တယ်လို့လည်း အာရက္ခပြည်သူတွေက...
Read moreအာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့မောင်တောဒေသမှာ လူ့အ သိုင်းအဝိုင်းတွေကြား ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့လိုအပ်နေတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ အဲဒီမောင်တောဒေသတိုက်ပွဲတွေမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေဟာအရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြန်ပေးဆွဲတာတွေကျူးလွန်ခဲ့ကြတာမို့ ဒေသခံပြည်သူတွေကြားမှာ အချင်းချင်းမယုံကြည်မှုတွေရှိနေ ကြဆဲလို့ မောင်တောဒေသနေပြည်သူတွေက ဆိုကြပါတယ်။ အဲဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကဦးဆောင်ပြီး လူမှုသဟ ဇာတဖြစ်ရေးအတွက်...
Read moreမောင်တောမြို့နယ်မှာ ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့ညနေ ၃ ကျော်အချိန်ခန့်က စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားသုံးဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်၊ရွှေဇားဂုံးနားရွာက ဒိလ်မာမတ်ရဲ့သမီးအသက်သုံးဆယ်အရွယ်ုဲရ်ကိုင်လ်ဒါ၊သူမရဲ့မောင်မာမတ်ဆော်လိမ်နဲ့အေနာဇူလ်ဟောက်ရဲ့ သမီးအသက်နှစ်နှစ်အရွယ်ရှာဟဲအာတာမှာ ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။ အဲဒီနုရ်ကိုင်လ်ဒါဟာ သူမရဲ့အိမ်နောက်ဖက်သို့ ရေခပ်သွားချိန်...
Read moreအာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ပေါက်တောမြို့နယ်မှာ အရေပြားရော ဂါအပါအဝင် ဝမ်းပျက်၊ဝမ်းလျှောဖြစ်နေကြတဲ့ အာရက္ခပြည်သူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ကျန်းမာရေးဌာနက ဆေးကုသပေးနေပါတယ်။ အဲဒီပေါက်တောမြို့နယ်၊ဇီးချိုမော်ကျေးရွာနဲ့ ရွှေဝေကျေးရွာတွေမှာ အရေပြားရောဂါ၊ဝမ်းပျက်၊ဝမ်းလျှောရောဂါဖြစ်ပွားနေတဲ့ အာရက္ခပြည်သူတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆေးကုသပေးနေတာဖြစ်ပါတယ်။ အဲဒီ ရွာတွေမှာ အရေပြားရောဂါဖြစ်ပွားနေတဲ့ အာရက္ခပြည်သူ၂၀၀...
Read moreအာရက္ခဒေသက စစ်ဘေးရှောင်တွေမှာ အရေပြားရောဂါ(ယားနာ)ဖြစ်နေကြပြီး ဆေးဝါးကုသမှုခံယူဖို့လက်လှမ်းမမီသလို ဆေးဝါးရဖို့လည်းခက်ခဲနေကြတယ်လို့ စစ်ဘေးရှောင်တွေနဲ့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေအားလုံးရှိစစ်ဘေးရှောင်တွေမှာ အရေပြားရောဂါယားနာတွေဖြစ်နေကြတာဖြစ်ပြီး ကလေးငယ်တွေမှာပိုအဖြစ်များတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။ "ယားနာတွေအများကြီးပေါက်နေကြတယ်။ကလေးတွေဆိုပိုများတယ်။တခန္ဓာလုံးမှာပဲအနာတွေက။ကူးတာလည်းမြန်တယ်" လို့ ပေါက်တောမြို့နယ်ရှိ စစ်ရှောင်တဦးက Border News...
Read moreမောင်တောမြို့နယ်မှာ ဖေဖော်ဝါရီလ ၅ ရက်၊ မနက်က စစ်ကောင်စီတပ်ထောင် ထားခဲ့တဲ့မြေမြုပ်မိုင်းတလုံးကိုနင်းမိလို့ အရပ်သားတဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်၊ရွှေဇားဂုံးနားရွာက နိုရ်ရူလောက်ရဲ့သားအသက် ၂၇ နှစ်အရွယ်မာမတ်ဂျူနိုက်မှာ ညာဖက် ခြေထောက်တဖက်ပြတ်ထွက်သွားပါတယ်။ အဲဒီ မာမတ်ဂျူနိုက်ဟာ မနက်...
Read more(ဂွမြို့နယ်တွင် စစ်ကျန်လက်နက်ကြောင့် ထိခိုက်သူဒါဇင်နဲ့ချီရှိလာ) ဂွမြို့နယ်မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ စစ်ကျန်လက်နက်ဗုံးကို ဆော့ကစားရာမှာပေါက်ကွဲပြီး အသက် ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီ ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာမှ အသက်...
Read moreအာရက္ခတပ်တော်(AA)က မောင်တောဒေသခံပြည်သူတွေကို ရပ်ရွာလုံခြုံရေးအတွက်အခြေခံစစ်ပညာသင်တန်းတွေခေါ်ယူသင်ပေးနေတာတွေမှာ ပြည်သူ လူထုကို အပြုသဘောဆောင်စည်းရုံးသင့်တယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။ အာရက္ခတပ်တော်ဟာ မောင်တောဒေသကအရပ်သားပြည်သူတချို့အပါအဝင် မြိုလူမျိုးတွေကို အတင်းအဓမ္မစစ်မှုထမ်းဖို့ဖမ်းဆီးခေါ်ယူခဲ့တယ်လို့ ပြောဆိုမှုတွေများလာပြီးနောက် အာရက္ခတပ်တော်က ရပ်ရွာလုံခြုံရေးအတွက်အခြေခံစစ်ပညာသင်တန်းတွေခေါ်ယူသင်ပေးနေတာလို့ ဆိုပါတယ်။ အဲဒီလိုခေါ်ယူချိန်မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တချို့ဟာ...
Read moreမောင်တောမြို့နယ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ကစစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းနင်းမိလို့ အသက်မပြည့်သေးတဲ့ကလေးတဦးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီမောင်တောမြို့နယ်၊ ဇားဂုံးနားကျေးရွာကအီဆုပ်ရဲ့သား၊ အသက်ခုနှစ်နှစ်အရွယ်ကုရ်ရှိတ်အာလာမှာညာဖက်ခြေထောက်တဖက်ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီ ကုရ်ရှိတ်အာလာဟာ သူနေအိမ်ထက်ကနေအိမ်အောက်သို့ဆင်းတဲ့အခါ အိမ်အောက်မှာစစ်ကောင်စီတပ်ထားခဲ့တဲ့မိုင်းနင်းမိပြီးခုလိုဒဏ်ရာရသွားတာဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း မြောက်ဦးမြို့၊အောင်မင်္ဂလာရပ်ကွက်မှအမျိုးသမီးတဦးတောင်သို့ထင်ခုတ်သွားစဥ်...
Read moreဒေသကွပ်ကွဲရေးစစ်ဌာနချုပ်တည်ရှိတဲ့ စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာ နှစ်ဖက်အပြန်အလှန်လက်နက်ကြီး၊စနိုက်ပါ၊ဒရုန်းပစ်ခတ်တိုက်ခိုက်မှုတွေ နေ့တိုင်းရှိနေခဲ့တယ်လို့ အာရက္ခတပ်တော်က ဇန်နဝါရီလ ၂၇ ရက်နေ့ထုတ်ပြန်ပါတယ်။ အဲဒီစစ်တွေမြို့နယ်၊ဝါဘိုကျေးရွာကို ဇန်နဝါရီလ ၂၀ ရက်၊ နေ့လယ် ၁ နာရီကျော်အချိန်ခန့်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ်တချို့မီးလောင်ပျက်စီးသွားခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။...
Read moreHey! Don't Copy my content.