Border News Agencyမြောက်ဦး၊မေ ၂၉။ တရုတ်နိုင်ငံ၏ကျေးလက်ဒေသ မြေသိမ်းယူမှုအား ဖော်ပြခဲ့ပြီးနောက် မြို့ပြမြေယာနှင့် အိမ်ရာသိမ်းယူခြင်း (Urban Expropriation)ကို ထပ်မံတင် ပြပါမည်။ တရုတ်ပြည်၏မြို့ပြဒေသတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခွင့်သက်တမ်းဖြစ်စေ၊ နေထိုင်ခွင့်သက်တမ်းဖြစ်စေ၊မြေအသုံးချမှုဆိုင်ရာကိစ္စရပ်တခုခု ရရှိထားသောမြေပေါ်ရှိ အိမ်ရာ၊အဆောက် အအုံများကို ဖျက်သိမ်းသောအခါလျှော်ကြေးစနစ်နှစ်မျိုးရှိသည်။...
Read moreBorder News Agencyမင်းပြား၊ မေ ၂၉။ အာရက္ခတပ်တော်(AA) မင်းပြားမြို့နယ်မှာ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနမှဦးဆောင်ပြီး ဗျူးခြေထောက်ပင်ထောင်ချီစိုက်ပျိုးနေပါတယ်။ အဲဒီဗျူးခြေထောက်ပင်စိုက်ပျိုးတာဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနဲ့ ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်နိုင်ရေးအတွက်ပါ။ အဲဒီမင်းပြားခရိုင်အတွင်း ဒီရေတောပျက်စီးမှုကြုံတွေ့နေရတဲ့ ကမ်းစပ်ဒေသတွေနဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် အရေးပါတဲ့နေရာတွေကိုရွေးချယ်ကာ ဗျူးခြေထောက်အပင်ပေါင်း ၇၂၆၀...
Read moreBorder News Agencyမြောက်ဦး၊မေ ၂၈ ရခိုင်ဒေသသည် အာဏာရှင်များလက်ထက်ကာလတလျောက်လုံး မြေသိမ်းခံကျိန်စာအား ပြင်းပြင်းထန်ထန်မိထားဖူးသည်။ ထိုကျိန်စာသည် အာရက္ခတပ်တော်(AA)မှနယ်မြေအများစုအား ထိန်းချုပ်ထားသည့်အခြေအနေတရပ်အောက်တွင် တချိန်ချိန်ပြန်လည်ကုစားနိုင်လိမ့်မည်ဖြစ်ပြီး မည်သို့ပင်ဆိုစေ ULA/AA ထိန်းချုပ်ထားသောအခြေအနေတွင် စစ်အာဏာရှင်များကဲ့သို့ မြေသိမ်းမှုများထပ်ပေါ်လာစရာမရှိနိုင်ဟု ရခိုင်ပြည် သူလူထုမျှော်လင့်ချက်ရှိခဲ့ကြသည်။ လက်ရှိတွင်...
Read moreBorder News Agencyမြောက်ဦး၊မေ ၂၈။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု။ ၃။မြေသည် စီးပွားရေး၊လူမှုရေး၊နိုင်ငံရေး၊ယဉ်ကျေးမှု၊သမိုင်းဆိုင်ရာနှင့်သက်ဆိုင်ပြီး ငြိမ်းချမ်းရေး၊လုံခြုံရေး၊လူ့အခွင့်အရေး၊တိုးတက်ဖွံ့ဖြိုးမှုများနှင့် တိုက်ရိုက်အချိုးကျလျက်ရှိသည်။ ၄။မြေတွင် နိုင်ငံတကာစံနှုန်းများအရ ပိုင်ဆိုင်မှုအခွင့်အရေး၊နယ်နိမိတ်နယ်မြေနှင့်တရားဝင်မှုရရှိသော မြေအသုံးချမှုစသည့်အချက်များ ပါဝင်ပေသည်။ အိုးအိမ်(Housing)၊မြေ(Land)နှင့်ပိုင် ဆိုင်ရရှိခွင့်(Property)များသည်လူသားဆန်မှုနှင့်လူသားချင်းစာနာထော က်ထားမှုဆိုင်ရာနယ်ပါယ်ထဲမှချဉ်းကပ်ရသောအချက်များဖြစ်သည်။အိုးအိ မ်(Housing)၊မြေ(Land)နှင့်ပိုင်ဆိုင်ရရှိခွင့်(Property)စသည့်အခွင့်အရေးများကို အတိုကောက်အားဖြင့်(HLP) Rights...
Read moreBorder News Agencyမြောက်ဦး၊မေ ၂၇။ အပိုင်း(ဂ)ကုလသမဂ္ဂ၏စနစ်ယန္တရား မိတ်ဆက် ကုလသမဂ္ဂ၏ပဋိညာဉ်အရ ကုလသမဂ္ဂ၏အဓိကဦးတည်ချက်မဏ္ဍိုင်သုံးရပ်မှာ…။ ၁။နိုင်ငံတကာငြိမ်းချမ်းရေးနှင့်နိုင်ငံတကာလုံခြုံရေးခိုင်မြဲရန်။ ၂။စီးပွားရေးရှင်သန်အထမြောက်ရန်၊ လူမှုရေးတိုးတက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးများရရှိရန်။ ၃။လူ့အခွင့်အရေးအား လေးစားတန်ဖိုးထားကာကွယ်ရန်များဖြစ်သည်။ ဤမှတ်စုတွင် ဖေါ်ပြထားချက်များမှာ မြေနှင့်ပဋိပက္ခများအပေါ် ကုလသမဂ္ဂ၏ကျယ်ပြန့်သောယန္တရာများ၏ညှိနှိုင်းစေ့စပ်ဆောင်ရွက်မှုများမှရရှိလာသော အချက်များကို စုဆောင်းတင်ပြထားခြင်းဖြစ်သည်။ ထိုသို့စုဆောင်းရာတွင်...
Read moreBorder News Agencyမြောက်ဦး၊ မေ ၂၆။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု။ အနှစ်ချုပ်…။ နောင်လာမည့်ဆယ်စုနှစ်အတွင်း မြေယာဆိုင်ရာပြိုင်ဆိုင်မှုနှင့်ထိပ်တိုက်တွေ့မှုများသည် ဥတုရာသီပြောင်းလဲခြင်း၊ လူဦးရေတိုးတက်မှု၊စားနပ်ရိက္ခာဆိုင် ရာမလုံလောက်မှု၊နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနှင့်မြို့ပြပိုမိုဖွံ့ဖြိုးလာမှုစသည့်အချက်များဆက်စပ်လျက်ရှိသည်။ မြေယာ၊လက်နက်ကိုင်ပဋိပက္ခ၊လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်မှုစသည့် များပြားလာသောအထောက်အထားများက ကုလသမဂ္ဂယန္တရား၏ပိုမိုတာဝန်ယူနိုင်မှုကို အဖွဲ့ဝင်နိုင်ငံများနှင့်ကမ္ဘာ့လူဦးရေများမှလိုအပ်နေကြောင်း ဖေါ်ပြနေသည်။ ဤမှတ်စုသည် နိုင်ငံတကာစံနှုန်းစည်းမျဉ်းများ၊၂၀၃၀စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်နှင့်ကုလသမဂ္ဂ၏ အတွေအကြုံများကို...
Read moreBorder News Agencyမြောက်ဦး၊ မေ ၂၄။ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ မြို့ပြနဲ့ကျေးရွာဖွံ့ဖြိုးရေးတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဖော်ဆောင်နေပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ရှေးဟောင်းယဥ်ကျေးမှုနယ်မြေ မြောက်ဦးမြို့အနီးမှာ နယ်မြေသာယာရေးနဲ့ ဖွံ့ဖြိုးရေးအတွက်ဆိုပြီး အဝေးပြေးလမ်းမကြီးချဲ့ထွင်ရေးကို အထူးဦးစားပေးလုပ်ကိုင်နေတာပါ။ အဲဒီစီမံကိန်းနေရာမြေတဧကကို ကျပ်သိန်းရှစ်ဆယ်နဲ့ဝယ်ယူဖို့ မြေပိုင်ရှင်တွေနဲ့ညှိနှိုင်းခဲ့ပါတယ်။ သူတို့ဟာ ပြည်သူတွေနဲ့အကြိမ်ကြိမ်တွေ့ပြီး...
Read moreBorder News Agencyမြောက်ဦး၊မေ ၂၄။ မြေယာပြဿနာဟူသည်နှင့်မြေသိမ်းခံရမှု၊မြေယာပိုင်ဆိုင်မှုအငြင်းပွားခြင်းများတွင်သာ ဒစ်လည်နေကြသည်။မြေယာပြဿနာသည် ထိုနှစ်ခုထက်မက ကျယ်ပြန့်ပေသည်။ မြေသိမ်းခံရမှုကိုပြန်လည်ကုစားခြင်း၊ မြေယာပိုင်ဆိုင်မှုအငြင်းပွားခြင်းကိုဖြေရှင်းခြင်းအရေးကြီးသော်လည်း မြေယာပြဿနာသည် ထိုဖြစ်စဉ်နှစ်ရပ်အောက်တွင်သာ စီမံခန့်ခွဲမှုအရလမ်း ဆုံးနေသည်မဟုတ်ပေ။ မြေသိမ်းခံရမှုကို ဖြေရှင်းနိုင်ခြင်း၊မြေ ယာအငြင်းပွားမှုကို ဖြေရှင်းနိုင်ခြင်းစသည့်လုပ်ငန်းစဉ်နှစ်ခုကို ဖော်ဆောင်ယုံဖြင့် မြေယာပြဿနာအားကိုင်တွယ်နိုင်ပြီဟူ၍...
Read moreBorder News Agencyမြောက်ဦး၊မေ ၂၀။ လက်နက်ကိုင်ပဋိပက္ခတွေအပါအဝင် ပဋိပက္ခတွေဖြစ်လာရင် အထိခိုက်အလွယ်ဆုံးအုပ်စုတွေထဲမှာ အမျိုးသမီးတွေလည်းပါပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဟာ ဖိနှိပ်မှုတွေကလွတ်မြောက်အောင်ရုန်းကန်နေတဲ့ကိစ္စပါ။ အဲဒီတော့လက်နက်ကိုင်တော်လှန်ရေးရဲ့အခြေခံဟာ လူအချင်းချင်းဖိနှိပ်မှုကို တွန်းလှန်မှုပဲဖြစ်သင့်ပါတယ်။ အာရက္ခဒေသက အမျိုးသမီးတချို့လ က်ရှိရင်ဆိုင်ခံစားကြုံတွေ့နေကြရတဲ့ပြဿနာဟာ လူမှုရေးနယ်ပါယ်ထဲမှာသာမကဘဲ စနစ်မူဝါဒပိုင်းဆိုင်ရာကိစ္စ ဖြစ်နေတာပါ။ လူမှုစီးပွားဘဝအကျပ်အတည်းက...
Read moreBorder News Agencyမြေပုံ၊ မေ ၁၉။ မြေပုံမြို့နယ်မှာမြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးခြေတဖက်ပြတ်ထွက်သွားတယ်လို့သိရပါတယ်။ အဲဒီမြေပုံမြို့နယ်၊မောင်းချောင်းရွာမှ အသက်လေးဆယ်အရွယ်ဦးမောင်ဝင်းလှိုင်ခြေတဖက်ပြတ်ထွက်သွားတာပါ။ ဦးမောင်ဝင်းလှိုင်ဟာ မေလ ၁၈ရက်၊ နေ့လည် ၃ နာရီအချိန်ခန့်ကဝါးခုတ်ဖို့အတွက်အာဏာသိမ်းစစ်တပ်စခန်းချခဲ့တဲ့နေရာကိုသွားတဲ့အချိန် မြေမြုပ်မိုင်းတလုံးကို တက်နင်းမိလို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အဲဒီလိုပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့်...
Read moreHey! Don't Copy my content.