Border News Agency
ဘီးလင်း၊ ဧပြီ ၁၄။
မွန်ပြည်၊ ဘီးလင်းမြို့နယ်က လေးကေစခန်းကနေ စွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်ကို လိုက်လံချေမှုန်းရာမှာ ၇ ဦး သေဆုံးပြီး ၂ ဦးကို အရှင်ဖမ်းမိတယ်လို့ အထူးတိုင်းစစ်ဌာနက ဧပြီလ ၁၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဘီးလင်းမြို့နယ်မှာ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနက လေးကေစခန်းကနေထွက်ပြေးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို လိုက်လံတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့သလို ၂ ဦးကိုလည်း လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် MA စီးရီး လက်နက် ၉ လက်၊ ကျည်ဆန် ၁၄၀၀ ကျော်၊ လက်ပစ်ဗုံးတွေနဲ့ စစ်သုံးပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလေးကေစခန်းသိမ်းတိုက်ပွဲကို KNLA၊ KNDO၊ ABSDF အပါအဝင် အထူးတိုင်းစစ်ဌာနနဲ့ ဒရုန်းတပ်ဖွဲ့ပေါင်းစုံက မဟာမိတ်တွေ စုပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။






