Border News Agency
မိတ္ထီလာ၊ ဩဂုတ် ၂၂။
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိလေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်မှာ လေ့ကျင့်ရေးလေယာဉ်ပျက်ကျလို့ အမောင်းသင်အရာရှိခြောက်ဦးသေဆုံးသွားပါတယ်။
အဲဒီမိတ္ထီလာလေကြောင်းအတတ်သင်ဌာနချုပ်မှာ ဩဂုတ်လ ၂၁ ရက်နေ့က လေ့ကျင့်ရေးပျံသန်းမှုပြုလုပ်အပြီး လေယာဉ်ကွင်းသို့ ပြန်လည်ဆင်းသက်ချိန်စက်ချို့ယွင်းမှုဖြစ်ပွားကာ လေတပ်အမောင်းသင်လေယာဉ်ပျက်ကျခဲ့တာပါ။
အဲဒီလိုလေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်မှာလိုက်ပါမောင်းနှင်လေ့ကျင့်နေတဲ့ အမောင်းသင်အရာရှိခြောက်ဦးသေဆုံးခဲ့ပြီး လေယာဉ်မောင်းနည်းပြဖြစ်သူဗိုလ်မှူးမှာ ခါးရိုးကျိုးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဒဏ်ရာရရှိခဲ့တဲ့လေယာဉ်မောင်းနည်းပြကို အရေးပေါ် ဆေးကုသမှုပေးထားပြီး လေယာဉ်ပျက်ကျရတဲ့ အသေးစိတ်အခြေအနေကို စစ်တပ်လေတပ်တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။









