Border News Agency
ကျိုက်ထို၊ ဩဂုတ်လ ၂၂။
မွန်ပြည်၊ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ကလက်နက်ကြီးပစ်ခတ်လို့ ကလေး ၁ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဩဂုတ်လ ၂၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီကျိုက်ထိုမြို့နယ်၊ပလိုခီးကျေးရွာအုပ်စု၊ဇီးပြောင်းရွာကို ဩဂုတ်လ ၁၉ ရက်၊မနက် ၁၁ နာရီ ၁၄ မိနစ်အချိန်ခန့်က အာဏာသိမ်းစစ်တပ်ရဲ့ အမှတ် ၃၁၀ အမြောက်တပ်မှ ၁၂၂ မမလက်နက်ကြီးကျည်နှစ်လုံးပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက် ၅ နှစ်အရွယ် ချစ်လင်းအောင်သေဆုံးခဲ့ပြီး အသ
က် ၁၀ နှစ်အရွယ် ဇင်ဖြိုးပိုင်၊အသက် ၁၆ နှစ်အရွယ် စောခွန်ဆန်း၊အသက် ၁၇ နှစ်အရွယ် ရှိုင်းလင်းထက်၊ မင်းသက်ပိုင်၊အသက် ၁၈ နှစ်အရွယ် သူရိန်ထွန်း၊အသက် ၁၉ နှစ်အရွယ် ဘိုအာကာ၊နေလင်းအောင်၊ အသက်၃၀နှစ်အရွယ် မအိ၊အသက် ၃၁ နှစ်အရွယ် သန့်ဇင်ဦး၊မနှင်းယုထွေး၊အသက် ၃၆ နှစ်အရွယ် ထွန်းလင်းဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နော်အေးခိုင်ရဲ့နေအိမ်မှာလည်း လက်နက်ကြီးကျည်စထိမှန်လို့ ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။











