မောင်တောမြို့နယ်

မောင်တောမြို့ပေါ်မှာ အာရက္ခတပ်တော်လုံခြုံရေးဆောင်ရွက်နေ

​Border News Agencyမောင်တော၊ ဩဂုတ် ၂၅။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ​မောင်တောမြို့ပေါ်မှာ အာရက္ခတပ်တော်လုံခြုံရေးကင်းလှည့်တာတွေ လုပ်ဆောင်နေပါတယ်။ အဲဒီမောင်တောမြို့ဝင်ဂိတ်၊ရွှေဇားဂိတ်နဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ အချိန်ပြည့်ကင်းလှည့်နေပြီး မြို့အဝင်အထွက်တွေကိုလည်း အဓိကစစ်ဆေးနေပါတယ်။ ​အဲဒီမောင်တောမြို့နယ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ အရပ်သားအသွင်ယူပြီးမြို့အတွင်းသို့ ဝင်ရောက်လာတာမရှိစေဖို့ စစ်ဆေးမှုဆောင်ရွက်နေတာပါ။ ​အဲဒီမောင်တောခရိုင်အုပ်ချုပ်ရေးဌာနက...

Read more

အင်းဒင်မှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးဆယ်ဦးဒဏ်ရာရ

Border News Agencyမောင်တော၊ ဩဂုတ် ၂၀ ။ အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်၊အင်းဒင်ကျေးရွာမှာ ဩဂုတ် ၂၀ ရက်၊ဒီနေ့မနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်က စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးဆယ်ဦးဒဏ်ရာရသွားပါတယ်။ အဲဒီအင်းဒင်ကျေးရွာမှ အသက်ငါးနှစ်မှ...

Read more

​ကြိမ်ချောင်းမှာ ချောင်းရေတိုက်စားပြီး ကမ်းပါးပြိုနေလို့ ဆေးရုံနဲ့အိမ်တွေစိုးရိမ်နေရ

​Border News Agencyမောင်တော၊ ဩဂုတ် ၂၀။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်၊ကြိမ်ချောင်းရွာမှာ မိုးဆက်တိုက်ရွာပြီး ပြူးမချောင်းထဲတောင်ကျရေတွေ အရှိန်နဲ့စီးဝင်လာတာကြောင့် ဩဂုတ်လ ၁၇ ရက်နေ့ကတည်းက ကမ်းပါးတွေ ဆက်တိုက်ပြိုကျနေပါတယ်။ ​အဲဒီကမ်းပါးပြိုကျမှုကြောင့် ကြိမ်ချောင်းရွာတောင်ဘက်ရှိ တိုက်နယ်ဆေးရုံအပြင် အနီးရှိအိမ်ငါးဆောင်နဲ့ ဆိုင်ခန်းတချို့ပါသွားမှာကို...

Read more

ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်မှ ပြန်လက်ခံမယ်

​Border News Agencyမောင်တော၊ ဩဂုတ် ၁၅။ ​ရခိုင်ပြည်မှနေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးအတွက် ပြည်နယ်အတွင်းလုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာမှညှိနှိုင်းပြီး ပြန်လက်ခံသွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ​ဘင်္ဂလားဒေ့ရှ်ဘက်ကပေးပို့လာတဲ့ လူဦးရေရှစ်သောင်းကျော်ထဲက ငါးသောင်းခွဲကျော်ကိုစိစစ်ခဲ့ရာ ရခိုင်မှာအမှန်တကယ်...

Read more

မောင်တောမှာ ဆန်ပြဿနာနေ့နဲ့ ဦးဦးသာထွန်းနေ့ ကျင်းပ

Border News Agencyမောင်တော၊ ဩဂုတ် ၁၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာ ဩဂုတ်လ ၁၃ ရက်၊ဒီနေ့ ၅၉ နှစ်မြောက် ဆန်ပြဿနာနေ့နဲ့ ၃၆နှစ်မြောက် ဆရာကြီးဦးဦးသာထွန်းနေ့အောက်မေ့ဖွယ်ကျင်းပခဲ့ပါတယ်။

Read more

မောင်တောခရိုင်မှာ အာရက္ခအစိုးရ ညမထွက်ရ အမိန့်ထုတ်

Border News Agencyမောင်တော၊ သြဂုတ် ၁၂။ ​မောင်တောခရိုင်မှာ ဆူပူသောင်းကျန်းမှုတွေမဖြစ်စေဖို့နဲ့ ပြည်သူတွေဘေးအန္တရာယ်ကင်းဝေးစေဖို့ရည်ရွယ်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊မောင်တောခရိုင်အုပ်ချုပ်ရေးဌာနက ညမထွက်ရအမိန့်ထုတ်ထားပါတယ်။ ​အဲဒီမောင်တောခရိုင်မှာ RSO၊ ARSA နဲ့ ARA အကြမ်းဖက်သမားတွေဟာ တဖက်နိုင်ငံနယ်စပ်ကိုအခြေပြုပြီး အာရက္ခပြည်တွင်းကို ထိုးဖောက်ဝင်ရောက်ကာ ပြည်သူတွေကို...

Read more

သက်ငယ်မုဒိမ်းကျင့်လူသတ်သူ AAကို လနှစ်ဆယ်ကြာထိ အရေးမယူနိုင်သေး

Border News Agencyမောင်တော၊ ဇူလိုင် ၃၀။ အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားထားတဲ့ မောင်တောမြို့နယ်၊ လေးမိုင်၊ အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ရင်းရှေ့နားမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊စက်တင်ဘာလ ၂၈ ရက်နေ့က အသက်ဆယ်နှစ်အရွယ်သုံးတန်းကျောင်းသားကို AA တပ်ဖွဲ့ဝင်တဦးယောကျ်ားချင်းသက်ငယ်မုဒိမ်းကျင့်လူသတ်လူကျူးလွန်ခဲ့ပါတယ်။ အဲဒီအမှုဟာ...

Read more

မောင်တောမှာ မိုင်းခြောက်ဆယ့်ခုနှစ်လုံးကို အာရက္ခတပ်တော် ရှင်း

Border News Agencyမောင်တော၊ ​ဇူလိုင် ၂၇။ မောင်တောမြို့နယ်ရှိ ရွာချင်းဆက်လမ်းတွေမှာ အာရက္ခတပ်တော်က မိုင်းရှင်းလင်းရေးလုပ်ဆောင်ရာ ဇူလိုင်လ ၂၅ ရက်နေ့က မြေမြှုပ်မိုင်း ခုနှစ်ဆယ်ခြောက်လုံး ရှင်းလင်းနိုင်ခဲ့ပါတယ်။ ​အဲဒီမိုင်းတွေဟာ အာဏာသိမ်းစစ်တပ်နဲ့ အကြမ်းဖက်သမားတွေထောင်ထားခဲ့တဲ့ M-14 မြေမြှုပ်မိုင်းတွေဖြစ်ပြီး...

Read more

မောင်တောက အာဏာသိမ်းစစ်သားသုံးဦး ဘင်္ဂလာကိုထွက်ပြေးသွား

Border News Agencyမောင်တော၊​ ဇူလိုင် ၂၁။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့​ မောင်တောမြို့နယ်မှ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်သုံးဦးဟာ နတ်မြစ်ကိုဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ထွက်ပြေးချိန် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်မီဒီယာတွေမှာ ဖော်ပြပါတယ်။ ​အဲဒီထွက်ပြေးသူတွေဟာ မောင်တောမြို့မရဲစခန်းမှ ဒုတိယရဲအုပ်ဟိန်းဒီထက်၊ ရဲတပ်ဖွဲ့ဝင်ဟိန်းဇော်နဲ့ ဘူးသီးတောင်အခြေစိုက်တပ်ရင်း ၃...

Read more

မောင်တောမှာ ဟိန္ဒူဘာသာရေး ရထားဆွဲပွဲတော်ကျင်းပ

Border News Agency​မောင်တော၊ ဇူလိုင် ၁၇။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာသျှီရီသျှီရီဇော်ဂေါ်န္နတ်ရ ထားဆွဲပွဲတော်ကို ဇူလိုင်လ ၁၆ ရက်နေ့က စကျင်းပနေပါတယ်။ အဲ​ဒီရထားဆွဲပွဲတော်ဟာ ဟိန္ဒူဘာသာရေးရိုးရာပွဲဖြစ်ပြီး ဇော်ဂေါ်န္နတ်ဘုရားကို ရထားပေါ်တင်ကာ လှည့်လည်ပူ ဇော်ကြတာပါ။...

Read more
Page 1 of 22 1 2 22

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here