Border News Agency
နေပြည်တော်၊ဧပြီ ၂၃။
တရားမဝင်အစိုးရရဲ့သမ္မတတုရုံးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်းတင်အောင်စန်းကို အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးအဖြစ် ဧပြီလ ၂၂ ရက်နေ့ခန့်လိုက်တယ်လို့ စစ်ကော်မရှင်ထုတ်ပြန်ပါတယ်။
သမ္မတတုနဲ့သူရဲရုံးအဖွဲ့ကို လုံခြုံရေးဆို င်ရာကိစ္စရပ်တွေမှာ ဘက်ပေါင်းစုံကလေ့လာသုံးသပ်အကြံပြုနိုင်ဖို့အတွက် တာဝန်ပေးလိုက်တာလို့ဆိုပါတယ်။
သူဟာ သမ္မတတုရုံးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသူလည်းဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်လုံခြုံရေးနဲ့ပတ်သက်ပြီးအကြံပေးနိုင်မယ့်သူတွေကိုအ ပြောင်းအလဲလုပ်ခန့်အပ်လာတာဟာထူးခြားတဲ့ခြေလှမ်းလို့ ဆိုကြပါတယ်။
ဒေသတွင်းတင်းမာမှုတွေနဲ့ ပြည်တွင်း စစ်ရေးအခြေအနေတွေကြားမှာ ခန့်လိုက်တာဟာ ဘယ်လောက်ထိ သက်ရောက်မှုရှိမလဲဆိုတာကိုစောင့်ကြည့်ရမယ်လို့ ဆိုကြပါတယ်။






