Border News Agency
ဖလမ်း၊ ဧပြီ ၂၅။
ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ဖလမ်းမြို့ကို ဧပြီ လ ၂၅ ရက်၊ ဒီနေ့ အာဏာသိမ်းစစ်တပ်က ပြန်ထိန်းချုပ်သွားပြီလို့မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်အင်အားထောင်ချီအသုံးပြုပြီးလေကြောင်းပစ်ကူအများဆုံးအသုံးပြုကာ ခြောက်လကျော်ကြာတိုက်ခိုက်ပြန်သိမ်းသွားတာလို့ ဆိုကြပါတယ်။
အဲဒီဖလမ်းမြို့နယ်ကို ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလကစတင်ပြီး အာဏာသိမ်းစစ်တပ်က ကလေးမြို့ကတဆင့် ကလေး-သိုင်းငင်း-တီးတိန်-ဖလမ်းကားလမ်းမှစစ်ကြောင်းထိုးတိုက်ခိုက်လာတာဖြစ်ပါတယ်။
အဲဒီအပြင် ကလေး-နတ်ချောင်း-ဝေဘူလ-ဖလမ်းကားလမ်းမှလည်း အင်အားဖြည့်စစ်ကြောင်းထိုးတိုက်ခိုက်ပြီး ဆူရ်ဘုန်လေယာဉ်ကွင်းကိုပြန်လည်ထိန်း ချုပ်လိုက်တာပါ။
“စစ်တပ်ကအင်အားထောင်နဲ့ပြီးထိုးစစ်ဆင်လာတာပါ။ လေယာဥ်ဆယ်စီးထိလာပစ်ပေးတာပါ။ဗုံးအလုံးရေရာချီပါတယ်။ အသည်းအသန်ခုခံကြပေမယ့်မခံနိုင်တော့လို့ ဆုတ်ပေးလိုက်ရတာပါ။” လို့ မြေပြင်သတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီဖလမ်းမြို့ဟာ ချင်းပြည်မှာဒုတိယမြောက်အကြီးဆုံးခရိုင်မြို့ဖြစ်သလိုလေယာဥ်ကွင်းလည်းရှိပြီးအဲဒီလေယာဥ်ကွင်းကိုလည်း ဒီနေ့မနက်က အာဏာသိမ်းစစ်တပ်ပြန်ထိန်းချုပ်သွားပြီလို့ ဆိုကြပါတယ်။
အဲဒီဖလမ်မြို့ရှိအမှတ် ၂၆၈ ခြေလျင် တပ်ရင်းကို အာဏာသိမ်းစစ်ပြန်ထိန်းချုပ်သွားပြီး အခိုင်အမာပြန်အထိုင်ချမယ့်ပုံပေါ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီတပ်ရင်းမှာစစ်သည်လက်နက်ခဲယ မ်းဖြည့်တင်းပြီးမြို့နယ်ရဲ့တခြားနေရာတွေအပါအဝင် အိန္ဒိယ-မြန်မာနယ်စပ်ထိဆက်ထိုးစစ်ဆင်တိုက်ခိုက်လာမလားဆိုတာကို သတိထားစောင့်ကြည့်ရမယ်လို့ ဆိုကြပါတယ်။
“ချင်းလက်နက်ကိုင်တွေစုစည်းခုခံနေကြပါတယ်။ ချင်းလက်နက်ကိုင်တွေအချင်းချင်းစုစည်းမခုခံလိုလေယာဥ်ကွ င်းပြန်ပေးလိုက်ရရင်ချင်းလက်နက်ကိုင်အားလုံးစစ်ရေးအထိနာလာနိုင်ပါတယ်။ဒီလေယာဥ်ကွင်းက အကြမ်းဖက်စစ်တပ်အတွက်စစ်ရေးအရချဖို့အရေးပါပါတယ်။” လို့ မြေပြင်သတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီဆူရ်ဘုန်လေယာဥ်ကွင်းဟာဖလမ်းမြို့အနောက်ဘက် ၁၃ ကီလိုမီတာအ ကွာပင်လယ်ရေမျက်နှာပြင်အထက် ၁,၈၃၀ မီတာမှာတည်ရှိပါတယ်။
အဲဒီဆူရ်ဘုန်လေဆိပ်ဟာ ချင်းပြည်ရဲ့ပထမဆုံးလေဆိပ်ဖြစ်သလို ချင်းပြည်ရဲ့တခုတည်းလေယာဥ်ကွင်းဖြစ်တာမို့ အာဏာသိမ်းစစ်တပ်ပြန်ထိန်းချုပ်နိုင်သွားရင်စစ်ရေးအတွက်အသုံးပြုနိုင်သွားမယ်လို့ ချင်းတော်လှန်ရေးတပ်တွေက ဆိုကြပါတယ်။
အဲဒီဆူရ်ဘုန်လေယာဥ်ကွင်းဟာ ပြေးလမ်းအလျား ၁,၈၃၀ မီတာနဲ့အကျယ် ၃၀ မီတာရှိပြီး ATR-72 အမျိုးအစား လေယာဉ်တွေဆင်းသက်နိုင်တာမို့အာဏာသိမ်းစစ်တပ်က လေကြောင်းစစ်သည်လက်နက်ခဲယမ်းတွေဖြည့်တင်းဖို့အခွင့်အရေးရသွားနိုင်တယ်လို့ ချင်းလက်နက်ကိုင်တော်လှန်အဖွဲ့တွေထော က်ပြကြပါတယ်။
အဲဒီလေယာဥ်ကွင်းကို အသုံးပြုအင် အားဖြည့်တင်းပြီး တခြားနေရာတွေ၊ တခြားမြို့နယ်တွေကိုလည်း ဆက်ထိုးစစ်ဆင်သိမ်းယူလာနိုင်တာမို့ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲဲ့တွေစုစည်းခုခံနေကြတာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
“လေယာဥ်ကွင်း၊ မြို့၊ တပ်ရင်းကို ပြန်ရသွားတော့ အင်အားဖြည့်ပြီးတခြားနေရာတွေကို ဆက်တိုက်မလားစောင့်ကြည့်နေပါတယ်။ ရိဒ်ထိဆက်တိုက်မလား၊ အိန္ဒိယနယ်စပ်ထိပြန်သိမ်းမလားစောင့်ကြည့်နေပါတယ်။ ပြင်ဆင်သင့်တာတွေကိုတော့ပြင်ဆင်ထားကြပါတယ်။” လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက Border News Agency ကို ပြောပါတယ်။
အဲဒီဖလမ်းမြို့နယ်ကို ပြီးခဲ့တဲ့နှစ်၊ဧပြီ လ ၈ ရက်နေ့က ချင်းညီနောင်အဖွဲ့ကဦးဆောင်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားသလို အိန္ဒိယ-မြန်မာနယ်စပ်၊ရိဒ်ခေါဒါရ်မြို့ကိုလည်း ချင်းလက်နက်ကို င်တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားပါတယ်။
အဲဒီဖလမ်းမြို့နယ်အရှေ့ဘက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ တောင်ဘက်မှာဟားခါးမြို့နယ်၊ အနောက်ဘက်မှာထန်တလန်မြို့နယ်နဲ့ အိန္ဒိယနိုင်ငံ၊ မိဇိုရမ်ပြည်နယ်၊ မြောက်ဘက်မှာတီးတိန်မြို့နယ်တည်ရှိပါတယ်။
အဲဒါကြောင့် ဖလမ်းမြို့နယ်ဟာ လမ်းပန်းဆက်သွယ်ရေး၊ကုန်သွယ်ရေးအပါအဝင် စစ်ရေးအရလည်းအရေးပါသလို အိန္ဒိယ-မြန်မာကုန်သွယ်ရေး၊ ဆက်ဆံရေးအရလည်း အရေးပါတာမို့ အာဏာသိမ်းစစ်တပ်ကအပြင်းထန်ဆုံးတိုက်ခိုက်ပြန်သိမ်းလိုက်တာပါ။






