Border News Agency
ပါကစ္စတန်၊ဧပြီ ၂၅။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ် အရာ့ချီဟာ အမေရိကန်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတာမရှိဘဲ ပါကစ္စတန်နိုင်ငံကနေ ဧပြီလ ၂၅ ရက်၊ဒီနေ့ ညနေကပြန်လည်ထွက်ခွာသွားပါတယ်။
အဲဒီခရီးစဉ်အတွင်း ပါကစ္စတန်ဝန်ကြီးချုပ်၊ စစ်သေနာပတိချုပ်တို့နဲ့ တွေ့ဆုံခဲ့ပယ့်အမေရိကန်နဲ့ ဒုတိယအကျော့ ဆွေးနွေးဖို့ရှိတယ်ဆိုတဲ့ သတင်းတွေကိုတော့ အီရန်ဘက်က ငြင်းဆိုခဲ့တာပါ။
အိမ်ဖြူတော်က အထူးကိုယ်စားလှယ်တွေစေလွှတ်ပြီး အီရန်နဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ပြင်ဆင်ခဲ့ပေမယ့် လက်တွေ့မှာတော့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်မလာခဲ့ပါဘူး။
အီရန်ဘက်က အမေရိကန်နဲ့တွေ့ဖို့ အစီအစဉ်မရှိဘူးလို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားသလို အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့လည်း အိမ်ဖြူတော်က နှုတ်ဆိတ်နေပါတယ်။
အဲဒီနှစ်ဖက်တွေ့ဆုံမှု ပျက်ပြားသွားတာကြောင့် ရှစ်ပတ်ကြာဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်ချက်တွေဟာလည်း ပြန်လည်ဝေဝါးသွားပါတယ်။






