Border News Agency
နေပြည်တော်၊ဧပြီ ၂၆။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဧပြီလ ၂၅ ရက်၊ ဒီနေ့နေပြည်တော်မှာတွေ့ပါတယ်။
သူတို့ဟာ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေး၊ ကုန်သွယ်မှုတွေပြန်လည်ကောင်းမွန်လာစေရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကဆွေးနွေးခဲ့ကြတာပါ။
မြန်မာ့အရေးကို နိုင်ငံတကာမျက်နှာစာမှာ ဆက်လက်ထောက်ခံသွားမယ်လို့တရုတ်ပြောသလို စွမ်းအင်နဲ့ သတ္တုကဏ္ဍတွေပူးပေါင်းလုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးနဲ့အာဆီယံမှာမြန်မာ့အခန်းကဏ္ဍမြှင့်တင်ရေးကို ဆွေးနွေးခဲ့လို့ ဆိုပါတယ်။
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးပြန်ပွင့်ဖို့ကြိုးပမ်းနေကြသလို နှစ်ဖက်စီးပွားရေးနဲ့ လုံခြုံရေးကိုလည်း အလေးပေးဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
















