Border News Agency
ဆော၊ ဧပြီ ၃၀။
မကွေးတိုင်း၊ ဆောမြို့နယ်ကို အာဏာသိမ်းစစ်တပ် အင်အားငါးရာခန့်လာနေကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ်အင်အားငါး ရာခန့်ဟာ ပြင်ဦးလွင်မှစစ်ယာဥ်တန်းနဲ့ဆင်းလာကြတာဖြစ်ပြီး အဲဒီယာဉ်တန်းဟာ ဧပြီလ ၃၀ ရက်၊ဒီနေ့မနက်ပိုင်းမှာ ဆိတ်ဖြူမြို့နယ်၊ဆယ်မိုင်လမ်းဆုံကိုရောက်နေပြီလို့ ဆိုကြပါတယ်။
အဲဒီစစ်ကောင်စီယာဉ်တန်းဟာမကွေးတိုင်းရှိ အာဏာသိမ်းစစ်တပ်စခန်းတွေမှာ အင်အားဖြည့်တင်းပြီးပေါက်မြို့န ယ်နဲ့ဆောမြို့နယ်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာပါ။
အဲဒီမြို့နယ်တွေဟာ ချင်းလက်နက်ကို င်တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ချင်းပြည်ဝင်ပေါက်ဆောမြို့နယ်ကိုအင်အားဖြည့်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။
အဲဒီဆောမြို့နယ်အပါအဝင်မြို့ပေါ်နေ ရာအများစုကို လက်နက်ကိုင်တော်လှန်ရေးတပ်တွေထိန်းချုပ်ထားပေမယ့်မြို့ပေါ်ရဲစခန်းမှာစစ်တပ်၊ရဲအပါအဝင်အ ထွေထွေအုပ်ချုပ်ရေးတာဝန်ရှိသူတွေလည်းရှိနေပါသေးတယ်။
အဲဒီဆောမြို့နယ်ဟာ ချင်းပြည်၊ ကန်ပက်လက်မြို့နယ်နဲ့ မတူပီမြို့နယ်ကိုဝင်ရောက်နိုင်တဲ့လမ်းတွေရှိပါတယ်။
အဲဒီဆောမြို့နယ်နဲ့ မတူပီမြို့နယ်ကြားရှိ ကံကြီးကျေးရွာမှာ အာဏာသိမ်းစစ်တပ်ကလာရောက်နေရာယူထားပြီမို့ အရပ်သားပြည်သူတွေသတိထားသွားလာကြဖို့ အသိပေးထားပါတယ်။






