Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျမ်းမာရေး နိုင်ငံတကာ သတင်း

​လူအချင်းချင်း ကူးစက်နိုင်တဲ့ ဟန်တာဗိုင်းရပ်စ်အကြောင်း WHO သတိပေး

ဓာတ်ပုံ - လူမှုကွန်ရက်

ဓာတ်ပုံ - လူမှုကွန်ရက်

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
36
VIEWS
Share on FacebookShare on Twitter

​Border News Agency
ရန်ကုန်၊မေ ၈။

​ကမ္ဘာ့နိုင်ငံတွေမှာ ဟန်တာဗိုင်းရပ်စ် (Hantavirus)ကူးစက်မှုတွေခပ်စိပ်စိပ် ဖြစ်လာနေပြီး ဒီဗိုင်းရပ်စ်က လူအချင်းချင်းပါ ကူးစက်နိုင်တဲ့ အခြေအနေရှိနေလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အာဂျင်တီးနားက ထွက်လာတဲ့ အပျော်စီးသင်္ဘောပေါ်မှာ စတင်ကူးစက်ခဲ့တာဖြစ်ပြီး အခုဆိုရင် အဲဒီသင်္ဘောပေါ်က ခရီးသည်တွေဟာ နိုင်ငံပေါင်း ၁၂ နိုင်ငံကျော်ကို အသီးသီး ပျံ့နှံ့သွားကြပြီ ဖြစ်ပါတယ်။

အဲ​ဒီဗိုင်းရပ်စ်က ပုံမှန်ဆိုရင် ကြွက်တို့၊ ရှူးပျံတို့လို သတ္တဝါတွေရဲ့ ဆီး၊ မစင်နဲ့ တံထွေးတွေကနေတဆင့် လူကို ကူးစက်တာပါ။

ဒါပေမယ့် အခုနောက်ပိုင်း တောင်အမေရိကမှာတွေ့ရတဲ့ မျိုးကွဲတစ်ခုကတော့ အတူနေမိသားစုဝင်တွေ ဒါမှမဟုတ် အလွန်နီးကပ်တဲ့သူတွေကြားမှာ လူအချင်းချင်းပါ ကူးစက်နိုင်တာကို တွေ့ရှိထားပါတယ်။

အဲဒီဗိုင်းရပ်စ်ကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီးပြီဖြစ်လို့ နိုင်ငံတကာမှာ အရေးပေါ် ကာကွ
ယ်ရေးတွေ လုပ်နေရပါတယ်။

​ရောဂါပိုး ကူးစက်ခံရရင်တော့ ဖျားတာ၊ ခေါင်းကိုက်တာနဲ့ ကြွက်သားတွေ နာကျင်တာမျိုးတွေ စဖြစ်တတ်ပါတယ်။

အမေရိကတိုက်တွေမှာဆိုရင် အဆုတ်နဲ့ နှလုံးကို ပြင်းပြင်းထန်ထန် ထိခိုက်စေပြီး သေဆုံးမှုနှုန်းက ၅၀ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။

အာရှနဲ့ ဥရောပဘက်မှာတော့ ကျောက်ကပ်ကို အဓိက ထိခိုက်စေပြီး သွေးလွန်တုပ်ကွေးလို လက္ခဏာမျိုးတွေ ပြတတ်တယ်လို့ သိရပါတယ်။

​အခုအချိန်ထိတော့ ဒီဗိုင်းရပ်စ်ကို အမြစ်ပြတ်ပျောက်ကင်းစေမယ့် သီးသန့်ကုသဆေး ဒါမှမဟုတ် ကာကွယ်ဆေးရယ်လို့ မရှိသေးပါဘူး။

ဒါကြောင့် ရောဂါလက္ခဏာ စဖြစ်ကတည်းက ဆေးရုံ၊ဆေးခန်းတွေကို စောစောစီးစီးပြသပြီး ကုသမှုခံယူဖို့က အသက်ရှင်ဖို့အတွက် အရေးကြီးဆုံးဖြစ်ပါတယ်။

စောစောသိပြီး စနစ်တကျ ကုသနိုင်ရင်တော့ အသက်အန္တရာယ်ကနေ ကာကွယ်နိုင်မှာလို့ဆိုပါတယ်။

​အဲဒီကာကွယ်နိုင်တဲ့နည်းလမ်းကတော့ ကြွက်တွေနဲ့ မထိတွေ့အောင် နေထိုင်ဖို့ပဲ ဖြစ်ပါတယ်။

အိမ်နဲ့ လုပ်ငန်းခွင်တွေကို သန့်ရှင်းအောင်ထားဖို့၊ အစားအသောက်တွေကို ကြွက်မသီအောင် လုံခြုံစွာ သိမ်းဆည်းဖို့နဲ့ ကြွက်မစင်တွေကို သန့်ရှင်းရေးလုပ်ရင် ဖုန်မထအောင် ရေအရင်ဖျန်းပြီးမှ လုပ်ဖို့ WHO က တိုက်တွန်းထားပါတယ်။

PrevPrevious​အိန္ဒိယနယ်စပ်မှာ ဘိန်းနဲ့အတူ မြန်မာနိုင်ငံသားတဦး ဖမ်းဆီးခံရ
Nextပန်းတောင်းရှိ ကပစ ၁၆ အနီးစခန်းတွေကို အာရက္ခတပ်တော်သိမ်းပိုက်Next
Previous Post

​အိန္ဒိယနယ်စပ်မှာ ဘိန်းနဲ့အတူ မြန်မာနိုင်ငံသားတဦး ဖမ်းဆီးခံရ

Next Post

ပန်းတောင်းရှိ ကပစ ၁၆ အနီးစခန်းတွေကို အာရက္ခတပ်တော်သိမ်းပိုက်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အမျိုးသားရေဥပဒေ ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတယ်လို့ သမ္မတတုပြော

June 10, 2026
​ကိုးကား/ဓာတ်ပုံ - Al Jazeera

NBA ဗိုလ်လုပွဲမှာ ထရမ့်ကိုပရိသတ်တွေ အော်ဟစ်ကန့်ကွက်

June 10, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

အာဆီယံလှုပ်ရှားမှုတွေမှာမြန်မာနိုင်ငံ ဆက်ပါဝင်ဖို့ အင်ဒိုနီးရှား တိုက်တွန်း

June 10, 2026

အီရန်နဲ့ ငြိမ်းချမ်းရေးစာချုပ်ထရမ့်ပြောကြားစဉ် လက်ဘနွန်ကို အစ္စရေးဗုံးကြဲ

June 10, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page