Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး သတင်း

​ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းသက်သေပြဖို့ သားဖြစ်သူကိုထိန်လင်း တောင်းဆို

​ဓာတ်ပုံ - NUG

​ဓာတ်ပုံ - NUG

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

Border News Agency
နေပြည်တော်၊ ​မေ ၁၈။

​မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်ကြာလာတဲ့အထိ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိနေကြောင်း လွတ်လပ်ပြီးယုံကြည်စိတ်ချရတဲ့အဖွဲ့အစည်းတွေက အတည်ပြုထားတဲ့သက်သေ ဒီနေ့အထိမရှိသေးဘူးလို့ သားငယ်ဖြစ်သူ ကိုထိန်လင်းက ဗြိတိန်ပါလီမန်ရှေ့ဆန္ဒပြပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဲဒီလန်ဒန်မြို့ရှိ ယူကေပါလီမန်ရှေ့မှာ မေလ ၁၇ ရက်နေ့က မြန်မာ့အရေးလှုပ်ရှားသူတွေ၊ ထောက်ခံသူတွေနဲ့အတူစုဝေးပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးအတွက် တောင်းဆိုရာမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

​အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က လျှို့ဝှက်နေရာတခုကနေ နောက်ထပ်လျှို့ဝှက်နေရာတခုဆီကို ရွှေ့ပြောင်းထိန်းသိမ်းနေတာဟာ လွတ်မြောက်စေတာမဟုတ်ဘူးလို့ ဆိုပါတယ်။

မိခင်ဖြစ်သူဟာ ဒီနေ့အချိန်အထိ ဓားစာခံတဦးအဖြစ်သာ မတရားဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့လည်း သူကဝေဖန်ထောက်ပြထားပါတယ်။

​ပြီးခဲ့တဲ့ကာလတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်ရတဲ့သတင်းတွေဆက်တိုက်ထွက်ပေါခဲ့ပေမယ့် အာဏာသိမ်းစစ်တပ်ဘက်က မိသားစုဝင်တွေအပါအဝင် နိုင်ငံတကာသံတမန်တွေ၊ လွတ်လပ်တဲ့ ဆရာဝန်အဖွဲ့အစည်းတွေကိုပါ လူကိုယ်တိုင်တွေ့ဆုံခွင့် လုံးဝပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။

အခုလိုသတင်းအမှောင်ချပြီး လျှို့ဝှက်ချုပ်နှောင်ထားတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးအတွက် မိသားစုဝင်တွေနဲ့ ပြည်သူတွေအကြား စိုးရိမ်စိတ်ပိုမိုမြင့်တက်စေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ထောက်ပြကြပါတယ်။

​ဒီဆန္ဒပြပွဲအတွင်းမှာ ကိုထိန်လင်းနဲ့ လှုပ်ရှားသူတွေက အာဏာသိမ်းစစ်တပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း ခိုင်မာတဲ့သက်သေပြသဖို့ အရေးဆိုခဲ့ကြပါတယ်။

အဲဒီအပြင်ဗြိတိန်အစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွတ်မြောက်ရေးအတွက် အာဏာသိမ်းစစ်တပ်အပေါ် ဖိအားတွေ ပိုမိုပြင်းထန်စွာမြှင့်တင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

​စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်အရှည်ကြီး ချမှတ်ခံထားရတာဖြစ်ပြီး လတ်တလောနေပြည်တော်အချုပ်ကနေ ဘယ်နေရာကိုပြောင်းရွှေ့ချုပ်နှောင်ထားမှန်း မသိရဘဲ သတင်းအစအန ပျောက်ဆုံးနေတာဖြစ်ပါတယ်။

သားဖြစ်သူ ကိုထိန်လင်းကတော့ မိခင်ဖြစ်သူနဲ့ မြန်မာပြည်သူတွေ လူ့အခွင့်အရေးပြန်လည်ရရှိဖို့အတွက် နိုင်ငံတကာမှာ လှုံ့ဆော်မှုတွေကို စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။

PrevPreviousလက်နက်ကိုင်တပ်ဖွဲ့၏ တာဝန်နှင့်သစ္စာခံမှု – ၈
Next​မောတောင်မြို့ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်Next
Previous Post

လက်နက်ကိုင်တပ်ဖွဲ့၏ တာဝန်နှင့်သစ္စာခံမှု – ၈

Next Post

​မောတောင်မြို့ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အာဆာခေါင်းဆောင်ကို အိုင်စီစီကဖမ်းဝရမ်းထုတ်ဖို့ Fortify Rights တောင်းဆို

May 22, 2026
​ဓာတ်ပုံ - NUG

မဟာဗျူဟာမြောက်စစ်ဆင်ရေးတွေနဲ့ ဖက်ဒရယ်ယူနစ်ကိစ္စ NUG ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဆွေးနွေး

May 22, 2026
Photo - Arakan Princess Media

ကျိန္တလီမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုးဦးဒဏ်ရာရ

May 21, 2026

နမ္မတူမြို့မှာ ၅နှစ်အောက်ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးမယ်

May 21, 2026

မဟာဗျူဟာမြောက်စစ်ဆင်ရေးတွေနဲ့ ဖက်ဒရယ်ယူနစ်ကိစ္စ NUG ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဆွေးနွေး

ကျိန္တလီမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုးဦးဒဏ်ရာရ

နမ္မတူမြို့မှာ ၅နှစ်အောက်ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးမယ်

မီဇိုရမ်မှာ သိန်း ၁ သောင်းခွဲကျော်တန်ဟီးရိုးအင်းတွေနဲ့ အသက် ၁၅ နှစ်အရွယ် ကလေးတဦးဖမ်းဆီးရမိ

မလေးရှားမှာခရီးသည်တင် အဝေးပြေးဘတ်စ်ကားတစီး မီးလောင်ပြီးတိမ်းမှောက်

အမေရိကန်ကအပစ်ရပ်ဖို့ ကြိုးပမ်းနေပေမယ့် အစ္စရေးကအီရန်နဲ့ စစ်ပြန်စချင်နေ

Releated Post

​ဓာတ်ပုံ - NUG

မဟာဗျူဟာမြောက်စစ်ဆင်ရေးတွေနဲ့ ဖက်ဒရယ်ယူနစ်ကိစ္စ NUG ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဆွေးနွေး

May 22, 2026
Photo - Arakan Princess Media

ကျိန္တလီမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုးဦးဒဏ်ရာရ

May 21, 2026

နမ္မတူမြို့မှာ ၅နှစ်အောက်ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးမယ်

May 21, 2026
ဓာတ်ပုံ-ဆိုင်တွလ်ခရိုင်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ သိန်း ၁ သောင်းခွဲကျော်တန်ဟီးရိုးအင်းတွေနဲ့ အသက် ၁၅ နှစ်အရွယ် ကလေးတဦးဖမ်းဆီးရမိ

May 21, 2026

မလေးရှားမှာခရီးသည်တင် အဝေးပြေးဘတ်စ်ကားတစီး မီးလောင်ပြီးတိမ်းမှောက်

May 21, 2026

အမေရိကန်ကအပစ်ရပ်ဖို့ ကြိုးပမ်းနေပေမယ့် အစ္စရေးကအီရန်နဲ့ စစ်ပြန်စချင်နေ

May 21, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page