Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး နိုင်ငံတကာ နိုင်ငံရေး သတင်း

​အီရန်အနေနဲ့ အချိန်သိပ်မကျန်တော့ဘူးလို့ ဒေါ်နယ်ထရန့် သတိပေး

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

Border News Agency
အီရန်၊​ မေ ၁၈။

​အီရန်နိုင်ငံအနေနဲ့ အချိန်သိပ်မကျန်တော့သလို မြန်မြန်ဆန်ဆန်ရုန်းထွက်လှုပ်ရှားတာ ပိုကောင်းလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်ကနေတဆင့် သတိပေးလိုက်ပါတယ်။

ထရန့်ဟာ အီရန်ရဲ့တောင်းဆိုချက်တွေကို လုံးဝလက်မခံနိုင်စရာမရှိဘူးလို့ ပယ်ချထားပြီး ပြီးခဲ့တဲ့ဧပြီလကမှ ယာယီသဘောတူထားတဲ့ အပစ်ရပ်စဲရေးဟာလည်း လက်ရှိမှာ အသက်ရှူစက်အကြီးအကျယ် တပ်ထားရတဲ့အခြေအနေမှာ ရှိနေတယ်လို့ဆိုပါတယ်။

အခုသတိပေးချက်ဟာ ထရန့်အနေနဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ စကားပြောဆိုဖို့ရှိနေချိန်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

​တချိန်တည်းမှာပဲ အီရန်ဘက်က တင်သွင်းတဲ့ နောက်ဆုံးငြိမ်းချမ်းရေး အဆိုပြုချက်တွေအပေါ် အမေရိကန်ဘက်က ခိုင်မာတဲ့လိုက်လျောမှုတစုံတရာ ပြုလုပ်ဖို့ပျက်ကွက်ခဲ့တာကို အီရန်မီဒီယာတွေက ဝေဖန်နေကြပါတယ်။

ဝါရှင်တန်ရဲ့ လိုက်လျောမှုမရှိတဲ့လုပ်ရပ်ဟာ လက်ရှိဆွေးနွေးပွဲတွေကို အကျပ်အတည်းဆိုက်စေလိမ့်မယ်လို့ အီရန်အစိုးရပိုင်မီဒီယာတွေက ဖော်ပြပါတယ်။

အီရန်ရဲ့ အဆိုပြုချက်ထဲမှာတော့ ဟစ်ဇ်ဘိုလာအပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းတွေ ပိတ်ဆို့ထားမှုကိုရုပ်သိမ်းဖို့နဲ့ စစ်ပွဲပျက်စီးမှုအတွက် လျော်ကြေးပေးဖို့ စတဲ့အချက်တွေ ပါဝင်နေတာပါ။

​ဒီတောင်းဆိုချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ ဝါရှင်တန်ဘက်က ကန့်သတ်ချက် ၅ ချက် ပြန်လည်ချမှတ်ခဲ့ပြီး အဲဒီအထဲမှာအီရန်အနေနဲ့ နျူကလီးယားစက်ရုံတခုတည်းကိုပဲ ဆက်လက်လည်ပတ်ဖို့နဲ့ သန့်စင်မှုမြင့်မားတဲ့ ယူရေနီယံသိုလှောင်မှုတွေကို အမေရိကန်ဆီ လွှဲပြောင်းပေးဖို့ တောင်းဆိုထားတယ်လို့သိရပါတယ်။

ဒါပေမယ့် သမ္မတထရန့်က အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို အနှစ် ၂၀ အထိ ရပ်ဆိုင်းထားမယ်ဆိုရင် လက်ခံသွားမယ်လို့ အရိပ်အမြွက် ပြောကြားခဲ့တာကြောင့် ဒါဟာ နျူကလီးယားအစီအစဉ်ကို လုံးဝအဆုံးသတ်ရမယ်ဆိုတဲ့ အရင်ရပ်တည်ချက်ကနေ အနည်းငယ် အလျော့ပေးလိုက်တဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။

​အမေရိကန်နဲ့ အစ္စရေးပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ လ၂၈ ရက်ကတည်းက အီရန်အပေါ် အကြီးအကျယ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲတွေလုပ်နိုင်ဖို့အတွက် အပစ်ရပ်ထားပေမဲ့ ရံဖန်ရံခါပစ်ခတ်မှုတွေတော့ရှိနေဆဲ ဖြစ်ပါတယ်။

တဖက်မှာလည်း အီရန်ဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းသယ်ယူနေတဲ့ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို ထိရောက်စွာ ဆက်လက်ပိတ်ဆို့ထားဆဲ ဖြစ်တာကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ အကြီးအကျယ်မြင့်တက်နေတဲ့ဂယက်ကို ရင်ဆိုင်နေရပါတယ်။

​အမေရိကန်ဘက်ကတော့ တဟီရန်အစိုးရအနေနဲ့ သူတို့ရဲ့ စည်းကမ်းချက်တွေကို သဘောတူလာအောင် ဖိအားပေးတဲ့အနေနဲ့ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့အရေးယူမှုတွေ ဆက်လုပ်ထားတာဖြစ်ပါတယ်။

အခုပဋိပက္ခမှာ ပါကစ္စတန်နိုင်ငံက အမေရိကန်နဲ့ အီရန်အကြား စေ့စပ်ညှိနှိုင်းပေးသူအဖြစ် အလယ်ကနေ ကြိုးပမ်းဆောင်ရွက်ပေးနေပေမယ့်လည်း နှစ်ဖက်စလုံးရဲ့ သဘောထားနဲ့ တောင်းဆိုချက်တွေကတော့ လက်ရှိအချိန်အထိအလှမ်းဝေးကွာနေဆဲ ဖြစ်ပါတယ်။

PrevPrevious​ပေါက်နဲ့မြိုင်နယ်စပ်ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်
Next​ပတ္တရားမှာ ထိုင်းလူငယ်ကိုဝိုင်းရိုက်ပြီး ဖိနပ်လုတဲ့မြန်မာတွေကို ရဲတပ်ဖွဲ့ ရှာဖွေနေNext
Previous Post

​ပေါက်နဲ့မြိုင်နယ်စပ်ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်

Next Post

​ပတ္တရားမှာ ထိုင်းလူငယ်ကိုဝိုင်းရိုက်ပြီး ဖိနပ်လုတဲ့မြန်မာတွေကို ရဲတပ်ဖွဲ့ ရှာဖွေနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - Wetlet Informational Network

ဝက်လက်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအပါအဝင် အမျိုးသမီးနှစ်ဦးသေဆုံး

June 17, 2026
ဓာတ်ပုံ - ဝေဟင်အောင်

ကျောက်တော်လေကြောင်းတိုက်ခံရမှု သေဆုံးသူ ခုနှစ်ဦးရှိလာ

June 17, 2026

ကျောက်တော်လေကြောင်းတိုက်ခံရမှုငါးဦးသေဆုံး

June 17, 2026

ဦးမင်းဇင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ISP တောင်းဆို

June 17, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page