Border News Agency
စစ်တွေ၊ဇွန် ၁၉။
မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးအဘေးသာကူးရ်(Abhay Thakur) ဟာ ဇွန်လ ၁၈ ရက်နေ့ကစစ်တွေမြို့သို့ လာရောက်ခဲ့ပါတယ်။
သူဟာ ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်းရဲ့ စစ်တွေဆိပ်က မ်းကို သွားရောက်ကြည့်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက ဇွန်လ ၁၈ ရက်နေ့ထုတ်ပြန်ပါတယ်။
သံအမတ်ကြီးဟာ စစ်တွေမြို့ရှိ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးသို့လည်း သွား ရောက်ခဲ့သလို အာဏာသိမ်းစစ်တပ်ရဲ့ရခိုင်ပြည်ဝန်ကြီးချုပ်ဦးနိုင်ဦး၊စစ်တွေအခြေစိုက်နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ကိုယ်စားလှယ်တွေနဲလည်း တွေ့ခဲ့ပါတယ်။
သမ္မတတုမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ကအိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး နှစ်နိုင်ငံပူးပေါင်းဆော င်ရွက်မှုတွေနဲ့ စစ်ရေး၊ စီးပွားရေးဆိုင်ရာကိစ္စတွေကို အိန္ဒိယအဆင့်မြင့်အရာရှိကြီးတွေနဲ့ဆွေးနွေးခဲ့ပါတယ်။
အိန္ဒိယသံအမတ်ကြီးရဲ့ စစ်တွေခရီးစဥ်ဟာလည်း နှစ်နိုင်ငံအကြားကုလားတန်စီမံကိန်းနဲ့ဆက်အကောင်အထည်ဖော်ဖို့ လာကြည့်တာဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ကုလားတန်စီမံကိန်းတလျှောက်နီးပါးကိုစိုးမိုးထိန်း ချုပ်ထားပါတယ်။
အဲဒီအပြင်စီမံကိန်းအခြေစိုက်ရာ စစ်တွေမြို့အနီးမှာလည်း အာဏာသိမ်းစစ်တပ်နဲ့ အာရက္ခတပ်တော်ကြား တို က်ပွဲတွေပွားနေတာကြောင့် စီမံကိန်းနယ်မြေဟာ တည်ငြိမ်မှုမရှိဘဲ လုံခြုံရေးအရ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။










