Border News Agency
ကျောက်တော်၊ဇွန် ၂၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ကျောက်တော်မြို့နယ်၊လမ်းမတော်ကျေးရွာရှိ စက်သုံးဆီသိုလှောင်ရုံတွေကို ဘေးလွတ်ရာဆီ ပြန်လည်နေရာချ ထားပေးဖို့ ရွာသားတွေတောင်းဆိုထားကြပါတယ်။
အဲဒီရပ်ကွက်နဲ့ကျေးရွာတွေအတွင်းမှာ စက်သုံးဆီတွေကို စုပြုံသိုလှောင်ထားတာဟာ မီးဘေးအန္တရာယ် အလွန်စိုးရိမ်ရတာကြောင့် ရွာထဲမှာသိုလှောင်ထားတာ မပြုသင့်ဘူးလို့ ရွာသားတွေက ဆိုကြပါတယ်။
”ဒီဆီတွေကမီးလောင်အရမ်းလွယ်ပါတ ယ်။ဆီသိုလှောင်ထားကြတာက ရွာနဲ့အ ရမ်းနီးကပ်နေပါတယ်။မတော်တဆဆိုတာရှိသလို၊မတော်လို့ မီးအန္တရာယ်ဖြစ် လာရင် ဆီပေပါတွေ ပေါက်ကွဲပြီး တရွာလုံး ပြာဖြစ်သွားနိုင်ပါတယ်။အဲဒီကနေတဆင့် လူ့အသက်အန္တရာယ်တွေ စိုးရိမ်စရာ ဖြစ်လာမှာပါ။အခု ဘာဖြစ်နေလဲဆိုတော့ ဘာမှမဖြစ်ဘူးပေါ့။ဖြစ်လာမယ့်နေ့ကိုရော ဘယ်သူက သိနေလို့လဲ။မဖြစ်ခင် ကြိုပြီးစိုးရိမ်၊ ကာကွယ်တာဟာ မမှားပါဘူး။ ခုက ရွာထဲမှာလိုလို ဖြစ်နေလို့ တောင်းဆိုလိုက်တာပါ။”လို့ လမ်းမတော်ရွာသားတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီဆီသိုလှောင်ရုံတန်းတွေကိုနေရာပြောင်းရွှေ့ပေးဖို့ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၂ ရက်နေ့ကတည်းက ရွာသူရွာသားတွေ စုပေါင်းပြီး အသနားခံစာ တင်ပြတောင်းဆိုခဲ့ကြတာလို့ ဆိုကြပါတယ်။
ဒါပေမယ့် အသနားခံစာတင်ပြီးခြောက်
လနီးပါးကြာလာပေမယ့် တစုံတရာထူးခြားမလာသလို နေရာပြောင်းရွှေ့ပေးတာလည်းမရှိသေးဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
”လူဘယ်လောက်ကအသနားခံတောင်းဆိုလဲဆိုရင်တရွာလုံးပေါ့။ကိုယ့်ရပ်ကို ယ့်ရွာကို ပြာဖြစ်စေလာနိုင်တဲ့ကိစ္စ။သို လှောင်သူတွေပဲ သဘောမတူဘဲ ကျန်ပါလိမ့်မယ်။ ဒါပေမယ့်ခြောက်လရှိသွားပြီဘာမှထူးမလာသေးပါဘူး။ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရမ်းစိတ်ပူသွားပါတယ်။”လို့ နောက်ထပ်လမ်းမတော်ရွာသားတဦးက Border News Agency က်ိုပြောပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၁၇ ရက်နေ့က ကျောက်တော်မြို့နယ်အတွင်း လေကြောင်းတို က်ခိုက်မှုတွေ ရှိခဲ့တာကြောင့် ဗုံးစထိမှ န်ပြီး ဆီသိုလှောင်ရုံတွေ ပေါက်ကွဲမီး လောင်မှာကို ရွာသားတွေက ပိုမိုထိတ် လန့်စိုးရိမ်နေကြပါတယ်။
အဲဒါကြောင့်ဘေးအန္တရာယ်မကျရော က်ခင် ကြိုတင်ကာကွယ်နိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ဆီသိုလှောင်ရုံတွေကို ရွာပြင် သို့မဟုတ် ဘေးလွတ်ရာနေရာတွေဆီ အမြန်ဆုံး ပြောင်းရွှေ့ပေးဖို့ ရွာသားတွေတောင်းဆိုနေကြပါတယ်။
အာဏာသိမ်းစစ်တပ်လေကြောင်းတို က်ခိုက်မှုတွေမှာ ဆီဆိုင်တွေဗုံးကျပေါ က်ကွဲပြီး ပြည်သူအများအပြားထိခိုက်ပျက်စီးမှုတွေဖြစ်လာမှာကို စိုးရိမ်နေကြရတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။










