Border News Agency
မြောက်ဦး၊ဇူလိုင် ၁၁။
အာရက္ခဒေသမှာမိုးကြီးရေလွှမ်းမိုးမှုတွေဆက်ဖြစ်နေတာမို့ ရေဘေးနဲ့အတူပါလာနိုင်တဲ့ကူးစက်ရောဂါတွေနဲ့ကျန်းမာရေးအန္တရာယ်တွေကို အထူးဂရုစိုက်ကြဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဇူလိုင်လ ၁၁ ရက်နေ့သတိပေးထုတ်ပြန်ပါတယ်။
ရေကြီးနေတဲ့အချိန်မှာ ရေနစ်တာ၊မြေပြိုတာ၊အဆောက်အအုံပြိုကျတာတွေကြောင့် ထိခိုက်ဒဏ်ရာရနိုင်သလို မြွေနဲ့ ကင်းလို အဆိပ်ရှိသတ္တဝါတွေရဲ့ အန္တရာ ယ်ကိုလည်း သတိပြုရမှာပါ။
အဲဒီအပြင် ရေကျသွားပြီးနောက်ပိုင်းမှာလည်း ဝမ်းပျက်ဝမ်းလျှော၊သွေးလွန်တုပ်ကွေး၊ငှက်ဖျား၊အရေပြားရောဂါတွေနဲ့အတူ နေရပ်စွန့်ခွာရလို့ဖြစ်ရတဲ့ စိတ်ဖိစီးမှုဆိုင်ရာ ပြဿနာတွေပါ ကြုံ တွေ့ရနိုင်တယ်လို့ သတိပေးထားပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနဟာ သက်ဆိုင်ရာ အုပ်ချုပ်ရေး၊လူသားချင်းစာနာမှုဆိုင်ရာရုံးတွေနဲ့ပူးပေါင်းပြီး ရေဘေးသင့်ဒေသတွေကို ဆေးဝါးတွေ ဖြန့်ဝေပေးနေသလို အရေးပေါ် ဆေးကုသရေးအဖွဲ့တွေနဲ့လည်း ကွင်းဆင်းလုပ်ပေးနေပါတယ်။
အဲဒါကြောင့် ပြည်သူတွေဟာ တကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုစိုက်ကြဖို့နဲ့မိသားစုကျန်းမာရေးအရေးပေါ် ဒါမှမဟုတ်ကူးစက်ရောဂါလက္ခဏာတွေ တွေ့ရှိလာရင် နီးစပ်ရာအုပ်ချုပ်ရေးအ ဖွဲ့နဲ့ကျန်းမာရေးဌာနတွေကို ချက်ချင်း ဆက်သွယ်အကြောင်းကြားကြဖို့ တိုက်တွန်းထားပါတယ်။










