Border News Agency
ပုဏ္ဏားကျွန်း၊ဇူလိုင် ၁၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဇူလိုင်လ ၁ ၉ ရက်၊ဒီနေ့ညနေက အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ သံဃာ တော်နှစ်ပါးနဲ့အရပ်သားတဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ကြံခင်းကျေး ရွာအနီးရှိတောင်ပေါက်ဝန်းကျင်နဲ့ရေ ပေါက်ချောင်းသုံးခွဆုံနေရာတွေကို အာဏာသိမ်းစစ်တပ်လေကြောင်းတို က်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့်သံဃာ တော်နှစ်ပါးနဲ့အရပ်သားတဦးထိခိုက်ဒဏ်ရာရခဲ့ပြီးသံဃာတော်တပါးမှာခါးဒဏ်ရာပြင်းထန်သလို နောက်တပါးမှာ
တံတောင်၊ပေါင်၊ခြေထောက်ဒဏ်ရာရသွားပါတယ်။
အဲဒီအပြင် တောင်ကုတ်မြို့နယ်၊မအီမြို့ကိုဇူလိုင်လ ၁၉ ရက်၊ဒီနေ့ မနက်၁၁ နာရီခွဲအချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားငါးဦးသေဆုံးပြီး တဆယ့်ကိုဦးဒဏ်ရာရသွားခဲ့ပါတယ်။
နောက်ပြီး သံတွဲမြို့ကို ဇူလိုင်လ ၁၉ ရ က်၊ဒီနေ့ ညနေ ၄ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတို က်ခိုက်လို့လေးဦးဒဏ်ရာရသွားပါတယ်။










Comments 1
That’s a heavy situation with the military involvement. Was the area known for something specific before all this?