Border News Agency
သူရတ်ဌာနီ၊ ဇူလိုင် ၁၉ါ
ထိုင်းနိုင်ငံ၊သူရတ်ဌာနီ ရာဇာဘတ်တက္ကသိုလ်အားကစားကွင်းအတွင်းမှာ ဇူလိုင်လ ၁၉ ရက်၊ဒီနေ့နေ့လည် ၃ နာရီအချိန်ခန့်က ဈေးရောင်းကားများ မီးလောင်မှုဖြစ်ခဲ့ပါတယ်။
အဲဒီမီးလောင်မှုကြောင့် ဈေးရောင်းကားသုံးစီးမီးလောင်ပျက်စီးခဲ့ပေမယ့်လူထိခိုက်ဒဏ်ရာသူမရှိခဲ့ပါဘူး။
အဲဒီမီးလောင်ရတဲ့အကြောင်းအရင်း အသေးစိတ်ကို သက်ဆိုင်ရာကစစ်ဆေးနေပါတယ်။
















