Border News Agency
ပုဏ္ဏားကျွန်း၊ဇူလိုင် ၁၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဇူလိုင်လ ၁ ၉ ရက်၊ဒီနေ့ညနေက အာဏာသိမ်းစစ် တပ်လေကြောင်းတိုက်ခိုက်လို့ သံဃာ တော်နှစ်ပါးနဲ့အရပ်သားတဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီအသက်လေးဆယ်ငါးနှစ်အရွယ် အရှင်သုမင်္ဂလ၊အသက်နှစ်ဆယ့်ငါးနှစ်အရွယ်အရှင်ဥတ္တရနဲ့အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ်ကွမ်းတောင်ရွာမှစစ်ရှောင်လာသူကိုမောင်မျိုးလွင်ဖြစ်ကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ရှိ ဧဟိပဿိကောဘုန်းကြီးကျောင်းကို အာဏာသိ မ်းစစ်တပ်က ပေါင်သုံးရာဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီးဗုံးကျရောက် ပေါက်ကွဲဗုံးစထိမှန်ဒဏ်ရာရသွားကြတာဖြစ်ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့်သံဃာ တော်နှစ်ပါးနဲ့အရပ်သားတဦးထိခိုက်ဒဏ်ရာရခဲ့ပြီးသံဃာတော်တပါးမှာခါးဒဏ်ရာပြင်းထန်သလို နောက်တပါးမှာတံတောင်၊ပေါင်၊ခြေထောက်ဒဏ်ရာရသွားပါတယ်။
အဲဒီအပြင် တောင်ကုတ်မြို့နယ်၊မအီမြို့ကိုဇူလိုင်လ ၁၉ ရက်၊ဒီနေ့ မနက်၁၁ နာရီခွဲအချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားငါးဦးသေဆုံးပြီး တဆယ့်ကိုဦးဒဏ်ရာရသွားခဲ့ပါတယ်။
နောက်ပြီး သံတွဲမြို့ကို ဇူလိုင်လ ၁၉ ရ က်၊ဒီနေ့ ညနေ ၄ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတို က်ခိုက်လို့လေးဦးဒဏ်ရာရသွားပါတယ်။















