Border News Agency
မင်းပြား၊ ဇူလိုင် ၂၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်ကို ဇူလိုင်လ ၂၀ ရက်နေ့၊ ညနေ ၇ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီမင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာအနီးကို အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် အသေးစိတ်မသိရသေးပါဘူး။
အဲဒီအပြင် မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာအနီးကို ဇူလိုင်လ ၂၀ ရက်၊ ဒီနေ့၊ နေ့လည် ၂ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနေရာကို အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့တာပါ။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မအီ၊ သံတွဲ၊ ပုဏ္ဏားကျွန်းစတဲ့မြို့တွေကိုလည်း ဇူလိုင်လ ၁၉ ရက်၊ မနေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။










