Border News Agency
နေပြည်တော်၊ဇူလိုင် ၂၁။
စစ်အုပ်ချုပ်ရေးအမိန့်ကို အာဏာသိမ်းစစ်တပ်ရက်ကိုးဆယ်ဆက်တိုးလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီမှာ ချင်းပြည်၊တွန်းဇံမြို့နယ်နဲဖလမ်းမြို့နယ်ချန်ခဲ့ပြီး ကျန်မြို့နယ်တွေအတွက် သက်တမ်းတိုးတာပါ။
အဲဒါကို တတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးနဝမနေ့ရဲ့သဘောတူညီချက်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၂၊ ပုဒ်မခွဲ (ဃ) နဲအညီ ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီအပြင် အရေးပေါ်အခြေအနေ ဆ က်ရှိနေတဲ့မြို့နယ်တွေအတွက် စစ်အုပ် ချုပ်ရေးအမိန့်အမှတ် ၄ ကိုလည်း ရက်ပေါင်းကိုးဆယ် သက်တမ်းတိုး ထုတ်ပြန်ပါတယ်။
အဲဒီစစ်အုပ်ချုပ်ရေးအမိန့်အရ အုပ်ချု ပ်ရေးနဲတရားစီရင်ရေးဆိုင်ရာလုပ်ပိုင်ခွင့်တွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆီ ဆက်အပ်ထားပါတယ်။






