Border News Agency
ထိုင်း၊ဇူလိုင် ၂၁။
ထိုင်းနိုင်ငံ၊ချွန်ဘူရီပြည်နယ်ရှိကွန်ဒိုတခုရဲ့ရှစ်လွှာပေါ်မှပြုတ်ကျခဲ့တာကြောင့် အသက်ဆယ့်ခြောက်နှစ်အရွယ် မြန်မာကျောင်းသူလေးတဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။
အဲဒီဖြစ်စဥ်ဟာဇူလိုင်လ ၂၀ ရက်၊ညနေပိုင်းက ဖြစ်ခဲ့တာဖြစ်ပြီး ထင်ရှားတဲ့ကျောင်းတကျောင်းမှာပညာသင်ကြားနေတဲ့ကျောင်းသူလေးမှာ ကွန်ဒိုဘေးမှာ သတိလစ်နေတာကို တွေ့ခဲ့ရတာပါ။
အဲဒီလို ပြုတ်ကျမှုကြောင့် သူမမှာ ဘယ်ဘက်လက်ကျိုး၊ညာဘက်ခြေထောက်ကျိုးနဲ့ မျက်နှာမှည ပွန်းပဲ့ဒဏ်တွေရခဲ့သလို အောက်မှာ ရပ်ထားတဲ့ ဆိုင်ကယ်တစီးလည်းပျက်စီးခဲ့ပါတယ်။
ကယ်ဆယ်ရေးလုပ်သားတွေရှေးဦးသူနာပြုစုပေးပြီး ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့သလို ရဲတပ်ဖွဲ့က ခုဖြစ်စဉ်နဲ့ပတ်သက်ပြီးဆက်စုံစမ်းစစ်ဆေးနေပါတယ်။










