Border News Agency
စစ်တကောင်း၊ဇူလိုင် ၂၂။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းတက္ကသိုလ်ပါဠိဘာသာရပ်ကျောင်းသူဟောင်းနီလာဝင်းဟာ အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်းတက္ကသိုလ်သုံးခုမှာ ဒေါက်တာဘွဲ့ (PhD) တက်ရောက်ခွင့်နဲ့ ပညာသင်ဆုတွေရပါတယ်။
သူမဟာ Clemson University၊ Indiana University Bloomington နဲ့ Kent State University တို့မှာ PhD တက်ရောက်ခွင့်ရတာဖြစ်ပြီး အဲဲဒီထဲကတက္ကသိုလ်နှစ်ခုမှာ ပညာသင်ဆုအပြ ည့်ရတာပါ။
မနီလာဝင်းဟာ စစ်တကောင်းတက္ကသိုလ်ရဲ့ ၂၀၁၆ – ၂၀၁၇ ပညာသင်နှစ်မှာထူးချွန်ကျောင်းသူဖြစ်ပြီး သူမဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်လူမျိုးဖြစ်ပါတယ်။
သူမပညာသင်ကာလမှာအခက်အခဲတွေ၊ခွဲခြားဆက်ဆံခံရမှုတွေကြားကြိုး စားခဲ့ရပုံကိုရေးသားထားပြီးအောင်မြင်မှုအတွက် မိသားစု၊ဆရာ/ဆရာမတွေ၊မိတ်ဆွေတွေနဲ့ခင်ပွန်းဖြစ်သူကိုကျေး ဇူးတင်ကြောင်း သူမရဲ့လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။
အဲဒီအောင်မြင်မှုဟာ စစ်တကောင်းတ က္ကသိုလ်ရောက်တိုင်းရင်းသားကျောင်း သူ/ကျောင်းသားများအတွက် ဂုဏ်ယူစရာဖြစ်လာပြီး စစ်တကောင်းတက္က သိုလ်တိုင်းရင်းသားကျောင်းသားများအဖွဲ့ကလည်း သူမအတွက် ဝမ်းမြောက်ကြောင်းဆုမွန်ကောင်းတောင်းထားပါတယ်။








