Border News Agency
နယူးဒေလီ၊ဇူလိုင် ၂၂။
အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့ရှိ ဝန်ကြီးချုပ်နေအိမ်အနီးမှာ NEET စာမေးပွဲမကင်းရှင်းမှုတွေနဲ့ ပတ်သက်ပြီး ထိုင်သပိတ်မှောက် ဆန္ဒပြခဲ့ကြတဲ့ ကွန်ဂရက်ပါတီ ခေါင်းဆောင်တွေကို ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပါတယ်။
ထိန်းသိမ်းခံရသူတွေဟာ ကွန်ဂရက်ပါတီ လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ ရာဟူးလ်ဂန်းဒီ နဲ့ ပရီယန်ကာဂန်းဒီတို့ ဖြစ်ကြပါတယ်။
သူတို့ ဦးဆောင်တဲ့ဆန္ဒပြပွဲကို နယူးဒေလီမြို့၊ Lok Kalyan Marg လမ်းပေါ်ရှိ ဝန်ကြီးချုပ်နေအိမ် အနီးအနားမှာ ပြုလုပ်ခဲ့ကြတာပါ။
ဆန္ဒပြပွဲအတွင်း NEET စာမေးပွဲ မေးခွန်း ပေါက်ကြားမှု မသမာမှုတွေအတွက် အစိုးရဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ ထိုင်သပိတ်မှောက် တောင်းဆိုခဲ့ကြပါတယ်။
အဲဒီ ဆန္ဒပြတောင်းဆိုနေတဲ့ ကျောင်းသား ထောင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ သုံးပြီး အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့် ကျောင်းသားတရာကျော်လည်းဒဏ်ရာရသွားခဲ့ပါတယ်။










