Border News Agency
တနင်္သာရီ၊ ဩဂုတ် ၂။
တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဆီ အလင်းဝင်လာခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဩဂုတ် ၁ ရက်နေ့ထုတ်ပြန်ပါတယ်။
တနင်္သာရီမြို့နယ် အခြေစိုက်အာဏာသိမ်းစစ်တပ်ရဲ့ အမှတ် ၅၅၇ ခြေမြန်တပ်ရင်း ခမရ ၅၅၇ မှ တပ်သားသန်းနိုင်လင်းဟာ ဩဂုတ်လ ၁ ရက်နေ့က လက်နက်တွေနဲ့အတူ KNLAဆီ အလင်းလာခဲ့တာလို့ဆိုပါတယ်။
အဲဒီအလင်းဝင်တပ်သားဟာ MA1 တလက်၊ ကျည်ဘောက်ငါးခု၊ ကျည်သုံးရာတောင့်နဲ့အတူ KNLA တပ်မဟာ ၆ ဆီကို အလင်းဝင်လာခဲ့တာကြောင့် ဆုငွေတွေလည်း ချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တွေအနေနဲ့ ကိုယ့်ရဲ့ အသက်အန္တရာယ်နဲ့ အနာဂတ်ကိုကာကွယ်နိုင်ဖို့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီ အမြန်ဆုံးအလင်းဝင်ကြဖို့ကိုလည်း ကေအဲန်ယူမှတိုက်တွန်း အသိပေးထားပါတယ်။








