Border News Agency
ထိုင်း၊ သြဂုတ် ၂။
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ သြဂုတ်လ ၁ ရက်နေ့က စိတ်ကျန်းမာရေးမကောင်းတဲ့ ချွေးမဖြစ်သူက ယောက္ခမနဲ့ စကားများရန်ဖြစ်ရာမှ ဓားနဲ့ အကြိမ်ကြိမ်ခုတ်ကာခေါင်းဖြတ် သတ်ဖြတ်မှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီ Chalong ရဲစခန်းနယ်မြေရှိ နေအိမ်တအိမ်မှာ အသက်ခုနှစ်ဆယ့်လေးနှစ်အရွယ် ယောက္ခမဖြစ်သူ Chantra နဲ့ အသက်သုံးဆယ့်ခြောက်နှစ်အရွယ်ချွေးမ Sriwan တို့ နှစ်ဦးတည်းရှိစဉ် စကားအချေအတင်ဖြစ်ခဲ့ကြတာပါ။
အဲဒီနောက် ချွေးမဖြစ်သူက ယောက္ခမကိုရိုက်နှက်ပြီး လဲကျသွားချိန်မှာ ဓားနဲ့အကြိမ်ကြိမ်ခုတ်ပြီး ခေါင်းဖြတ်သတ်ခဲ့တာကို အိမ်နီးနားချင်းတွေရဲ့ အကြောင်းကြားချက်အရ ရဲတပ်ဖွဲ့ကရေချိုးခန်းအတွင်း ပုန်းအောင်းနေတဲ့ချွေးမကို အခင်းဖြစ်နေရာမှာဖမ်းဆီးမိခဲ့ပါတယ်။
အခင်းဖြစ်ချိန် ခင်ပွန်းဖြစ်သူမှာ ဘန်ကောက်သို့ရောက်ရှိနေပြီး သူ့ရဲ့ဇနီးမှာ နှစ်ထောင်ဆယ့်ခြောက်ခုနှစ်တည်းက စိတ်ကျန်းမာရေး ဆေးကုသမှုပုံမှန်ခံယူနေရသူဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီယောက္ခမကို ခေါင်းဖြတ်သတ်ခဲ့တဲ့ ချွေးမဖြစ်သူ Sriwan ကို လူသတ်မှုနဲ့တရားစွဲဆိုကာ ဥပဒေအရ အရေးယူနိုင်ဖို့ဆောင်ရွက်နေပါတယ်။















