Border News Agency
အာသံ၊ စက်တင်ဘာ ၁၀။
အိန္ဒိယနိုင်ငံမြောက်အရှေ့ပိုင်း အာသံနဲ့ အာရုဏာချာပရာဒေးရှ်ပြည်နယ်တို့မှာ ရူပီလေးဆယ်ငါးကုဋေကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို အာသံရိုင်ဖယ်တပ်ဖွဲ့က ဒေသဆိုင်ရာရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ဖမ်းဆီးရမိခဲ့ပါတယ်။
အာသံပြည်နယ်၊လားလ်ပါနီဒေသမှာ စက်တင်ဘာလ ၉ ရက်နေ့က အကောက်ခွန်ဌာနနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းရှာဖွေရာကနေ ရူပီလေးဆယ်ငါးကုဋေခန့်တန်ကြေးရှိ ရာဘဆေးပြားတသိန်းငါးသောင်းနဲ့အတူ အမျိုးသားတစ်ယောက်ကို ဖမ်းဆီးရမိခဲ့တာပါ။
အဲဒီအပြင် အာရုဏာချာပရာဒေးရှ်ပြည်နယ်၊ ချန်လန်းခရိုင်မှာလည်း ရူပီးနှစ်သိန်းခန့်တန်ကြေးရှိ ဘရောင်းရှူးဂါးဆယ့်ခုနှစ်ဒသမနှစ်ဂရမ်ကို မူးယစ်ဆေးဝါးသယ်ဆောင်သူတဦးနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
ဒီစစ်ဆင်ရေးတွေဟာ နယ်စပ်ဒေသတွင်း မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တွေကို ဖြိုခွဲဖို့နဲ့ နယ်မြေတည်ငြိမ်ရေးအတွက် အာဏာပိုင်တွေရဲ့ အရှိန်အဟုန်မြှင့်ကြိုးပမ်းမှုဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေနဲ့ မူးယစ်ဆေးဝါးတွေကို သက်ဆိုင်ရာရဲစခန်းအသီးသီးသို့လွှဲပြောင်းကာ အရေးယူဆောင်ရွက်နေပါတယ်။











