Border News Agency
ဖယ်ခုံ၊ စက်တင်ဘာ ၁၅။
ကယန်းပြည်သစ်ပါတီ (KNLP) ရဲ့ အုပ်ချုပ်ရေးနယ်မြေဒေသ အားလုံးအတွင်းမှာ ဘယ်အဖွဲ့အစည်းကမဆို အုပ်ချုပ်ရေး၊ စစ်ရေးနဲ့ အခြားကိစ္စရပ်တွေ ဝင်ရောက်စွက်ဖက်တာမလုပ်ဖို့ စက်တင်ဘာ ၁၅ ရက်၊ဒီနေ့မှာ သတိပေးထုတ်ပြန်ပါတယ်။
ကယန်းဒေသတည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာတွေကို တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ပြီး မိမိတို့ရဲ့ အုပ်ချုပ်ရေးနယ်မြေအတွင်းဘယ်အဖွဲ့အစည်းကမှ ဝင်ရောက်စွက်ဖက်တာမလုပ်ကြဖို့ အသိပေးထားတာပါ။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊နိုဝင်ဘာ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Stakeholders အစည်းအဝေး သဘောတူညီချက်အရလည်း ကရင်နီပြည်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကယန်းပြည်သစ်ပါတီရဲ့ နယ်မြေတွေထဲ လုံးဝဝင်ရောက်စွက်ဖက်တာ မလုပ်ရဆိုပြီး ဆုံးဖြတ်အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။
အဲဒီအစည်းအဝေး သဘောတူညီချက်အတိုင်း ကယန်းဒေသအတွင်း မိမိတို့ရဲ့ အုပ်ချုပ်ရေးနယ်မြေဒေသတွေထဲ ဝင်ရောက်စွက်ဖက်နှောင့်ယှက်တဲ့ ဘယ်လုပ်ရပ်ကိုမဆို ဆန့်ကျင်ကာကွယ်သွားမယ်လို့ ဆိုပါတယ်။







