Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁၅။
ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်ရှိတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဆယ့်ငါးဦးကို အစားထိုးပြောင်းလဲလိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က စက်တင်ဘာလ ၁၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီအစားထိုးလဲလှယ်မှုမှာ ပြည်သူ့လွှတ်တော်မှတပ်မတော်သားကိုယ်စားလှယ်ခုနှစ်ဦး၊ အမျိုးသားလွှတ်တော်မှငါးဦးနဲ့ပြည်နယ်လွှတ်တော်တွေမှသုံးဦးပါဝင်တာပါ။
ပြည်သူ့လွှတ်တော်မှာ ဗိုလ်မှူးချုပ်ဉာဏ်သိန်းဦးအပါအဝင် ခုနှစ်ဦးကိုအစားထိုးပြီး ဗိုလ်မှူးကြီးသူရိန်ဟန်၊ ဗိုလ်မှူးကြီး စိုးထွန်း၊ ဗိုလ်မှူးကြီး သိန်းလွင်၊ ဒုတိယဗိုလ်မှူးကြီး ဒေါ်ဥမ္မာမြင့်၊ ဗိုလ်မှူး ဒေါ်အေးအေးမွန်၊ ဗိုလ်မှူး ဒေါ်အေးသက်သက်ခိုင်နဲ့ ဗိုလ်မှူး ဒေါ်သီတာလွင်ကို လဲလှယ်ခန့်အပ်ခဲ့ပါတယ်။
အဲဒီအပြင်အမျိုးသားလွှတ်တော်မှာလည်း ဗိုလ်မှူးချုပ်ဝင်းကိုကိုအပါအဝင် ငါးဦးနေရာမှာ ဗိုလ်မှူးချုပ် ခင်မောင်စိုး၊ ဗိုလ်မှူးချုပ် ဇော်ဇော်ထွန်း၊ ဗိုလ်မှူး ဇင်ကိုဝင်း၊ ဗိုလ်မှူး ဇော်မင်းသိန်းနဲ့ဗိုလ်မှူး နိုင်ဝင်းတို့ကို အစားထိုးလိုက်တာပါ။
နောက်ပြီး ကချင်၊ ကယားနဲ့ ချင်းပြည်နယ် လွှတ်တော်မှာလည်း တပ်မတော်သား ကိုယ်စားလှယ်တဦးစီကို ဗိုလ်ကြီး တင်ကိုကို၊ ဗိုလ်မှူးကြီး ဇင်မင်းထွဋ်နဲ့ဗိုလ်မှူး ရန်အောင်ဖြိုးတို့နဲ့ အသီးသီး အစားထိုး ပြောင်းလဲထားပါတယ်။







