Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျမ်းမာရေး မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

မောင်တောမြို့မှာ ကြက်တုပ်ကွေးအဖြစ်များနေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
10
VIEWS
Share on FacebookShare on Twitter

Border News Agency
မောင်တော၊ ဇူလိုင် ၁၈ရက်

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ ကြက်တုပ်ကွေး အဖြစ်များနေတယ်လို့ ကြက်မွေးမြူးရေး လုပ်ကိုင်သူတွေက BNA ကို ပြောပါတယ်။

“ပုံမှန်ဆိုရင်တော့ ကြက်တုပ်ကွေးက ဆောင်းဝင်စမှာ အဖြစ်များတယ်။ ဒီနှစ်တော့ အခုကနေ စဖြစ် နေပါတယ်။ မိုးကြီး‌တဲ့ ဒဏ်တွေကြောင့် တိရစ္ဆာန်တွေ ရောဂါအဖြစ်များလာတာ ဖြစ်မယ်” လို့ ကြက်မွေးမြူးရေး လုပ်ကိုင်သူတစ်ဦးက BNA ကိုပြောပါတယ်။

မောင်တောဒေသမှာ အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေးခက်ခဲမှုတွေကြောင့် တနိုင်တပိုင် ကြက် မွေးမြူရေးကို အိမ်တိုင်းနီးပါးလုပ်ကိုင်ကြတာလို့ဆိုပါတယ်။ အခုတော့ တုပ်ကွေးကြောင့် ကြက်တွေ သေဆုံးတာတွေများနေလို့ အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့လည်း ပြောကြပါတယ်။

နောက်ထပ် တနိုင်တပိုင်ကြက်မွေးမြူရေးလုပ်နေတဲ့ မောင်တောမြို့ခံတစ်ဦးကလည်း မွေးထားတဲ့ ကြက်တွေ အခုလိုသေဆုံးမှုတွေကြောင့် ဆုံးရှုံးမှုတွေများနေတယ်လို့ BNA ကိုပြောပါတယ်။

“ရောဂါ စဖြစ်တာက သားပေါက်ခါနီး ကြက်မတွေပါ။ သူတို့တွေ သားပေါက်ဖို့ ဝပ်နေတာ ရက်နဲ့ ဆိုရင် ၂၁ ရက် ကြာပြီးနောက်၊ သားပေါက်ဖို့ နောက်ဆုံး အပတ်အလိုခါ ရောဂါ စဖြစ်လေ့ ရှိပြီး မိခင်က အရင်သေဆုံးသွားပါတယ်”

ဒေသခံတွေဟာ ကြက်သားပေါက်အတွက် အဆင်ပြေသလိုနည်းလမ်းရှာပြီး ဖြေရှင်းနေကြရတယ်လို့လည်း ကြက်မွေးမြူရေးလုပ်နေတဲ့ နောက်ထပ် ဒေသခံတစ်ဦးကပြောပါတယ်။

“ကျွန်မတို့ အိမ်မှာဆိုရင် မိခင် ကြက်မက အရင်သေဆုံးသွားပြီ ‌သားပေါက်ခါနီး ကြက် ဥ (၁၁)လုံး က ဒီတိုင်း ကျန်ခဲ့ပါတယ်။ ကြက်ဥတွေက ပေါက်ခါ နီးပြီဆိုတော့ ကျွန်မ ဘာလုပ်ရမှန်း မသိတာ နဲ့ ကျွန်မရဲ့ သားက အွန်လိုင်းက သားပေါက်နည်း ဗီဒီယိုတစ်ခုကို ရှာပေးပါတယ်။ ကြက်ဥတွေကို မနက်ပိုင်းမှာ နေလှန်း၊ ပြန်ထည့်။ အဲလို တစ်ပတ်လောက် လုပ်ပြီးတာနဲ့ ကြက်ကလေးတွေ ပေါက်လာတဲ့နည်းကို သိခဲ့ရပြီး လိုက်လုပ်ကြည့်လိုက်တဲ့အခါ ထိရောက်မူ တချို့ ရှိခဲ့ပါတယ်။ ဒါပေ မယ့် ကြက်ကလေးအသက်ရှင်မူက နည်းပါတယ်။ ၁၁ ဥ မှာ လေးကောင်သာ အသက်ရှင်တယ်”

အခုလို ကြက်တုပ်ကွေးအဖြစ်များနေတာနဲ့ပတ်သက်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တစ်စုံတစ်ရာ ထုတ်ပြန်တာတွေ မရှိသေးပါဘူး။

မောင်တောဒေသမှာ ကြက်တစ်ကောင်ကို မြန်မာကျပ်ငွေ အနည်းဆုံး သုံးသောင်းခွဲကနေ ရှစ်သောင်း အထိ အသီးသီး ပေါက်စျေးရှိပါတယ်။

ဒေသခံတွေအနေနဲ့ အလုပ်အကိုင်ရှားပါးမှု၊ ကုန်စျေးနှုန်းကြီးမြင့်မှုအပြင် ARSA နဲ့ RSO အဖွဲ့တွေရဲ့ အန္တရာယ်ကြောင့် အရင်လို တောတောင်တွေထဲမှာ လွတ်လွတ်လပ်လပ်လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာတာကြောင့် တပိုင်တနိုင်ကြက်မွေးမြူရေးကို လုပ်ကိုင်သူတွေ များလာနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

PrevPreviousအင်အားသုံးဖမ်းဆီးခွင့်ပြုထားတဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ စစ်ကောင်စီပြဌာန်း
Nextမင်းပြားမှာ မြစ်ကမ်းပါးပြိုကျလို့ နေအိမ်ဆယ်လုံးထက်မနည်း ပြောင်းရွှေ့ထားရNext
Previous Post

အင်အားသုံးဖမ်းဆီးခွင့်ပြုထားတဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေ စစ်ကောင်စီပြဌာန်း

Next Post

မင်းပြားမှာ မြစ်ကမ်းပါးပြိုကျလို့ နေအိမ်ဆယ်လုံးထက်မနည်း ပြောင်းရွှေ့ထားရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ-KTM

မန္တလေးတိုင်းမှာ အာဏာသိမ်းစစ်တပ်ကြောင့် ဧပြီလအတွင်း အရပ်သား ၇၂ ဦးသေဆုံး

May 11, 2026

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ခံဝန်နဲ့လွတ်လာ

May 11, 2026

​အီရန်ရဲ့တောင်းဆိုချက်တွေကို ထရမ့်ပယ်ချ

May 11, 2026

​ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ အမေရိကန်မှာ တောင်းဆို

May 11, 2026

မန္တလေးတိုင်းမှာ အာဏာသိမ်းစစ်တပ်ကြောင့် ဧပြီလအတွင်း အရပ်သား ၇၂ ဦးသေဆုံး

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ခံဝန်နဲ့လွတ်လာ

​အီရန်ရဲ့တောင်းဆိုချက်တွေကို ထရမ့်ပယ်ချ

​ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ အမေရိကန်မှာ တောင်းဆို

အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို ဗုံးကြဲလူ ၂၄ ဦးသေဆုံး

​မလေးရှားသို့ အောက်လမ်းမှ ဝင်လာတဲ့မြန်မာ ၂၀ ဦး ဖမ်းဆီးခံရ

Releated Post

ဓာတ်ပုံ-KTM

မန္တလေးတိုင်းမှာ အာဏာသိမ်းစစ်တပ်ကြောင့် ဧပြီလအတွင်း အရပ်သား ၇၂ ဦးသေဆုံး

May 11, 2026

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ခံဝန်နဲ့လွတ်လာ

May 11, 2026

​အီရန်ရဲ့တောင်းဆိုချက်တွေကို ထရမ့်ပယ်ချ

May 11, 2026

​ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ အမေရိကန်မှာ တောင်းဆို

May 11, 2026

အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို ဗုံးကြဲလူ ၂၄ ဦးသေဆုံး

May 11, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​မလေးရှားသို့ အောက်လမ်းမှ ဝင်လာတဲ့မြန်မာ ၂၀ ဦး ဖမ်းဆီးခံရ

May 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page