Border News Agency
ကရင်၊ ဒီဇင်ဘာ ၁၆။
စစ်ကော်မရှင်တပ်ဆီ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သားငါးဦးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၈ ထံ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဒီဇင်ဘာလ ၁၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
သူတို့ငါးဦးဟာအသက် ၂၀ ကျော်အရွယ်နဲ့ ၃၀ ကျော်အရွယ်တွေဖြစ်ကြပြီး စစ်ကော်မရှင်တပ်ရဲ့ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။
သူတို့တွေဟာ စစ်ကော်မရှင်တပ်ရဲ့ခြေလျင်တပ်ရင်း ၃၀ က တပ်သားတွေ ဖြစ်တယ်လို့လည်းဆိုပါတယ်။
အဲဒီအလင်းဝင်လာတဲ့တပ်သားငါးဦးကို ကရင်အမျိုးသားအစည်းအရုံးက စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဆီမှာ ကိုယ့်ဆန္ဒမပါဘဲ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေမှာ လက်နက်ချအလင်းဝင်ဖို့လည်းတိုက်တွန်းထားပါတယ်။










