Border News Agency
ယင်းမာပင်၊ ဧပြီ ၁၇။
မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချင်းချင်းလွှတ်ရေးအတွက် ပြည်သူ့အားမာန်သပိတ်စစ်ကြောင်းမှဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးရေးအတွက် ပြည်သူ့အားမာန်သပိတ်စစ်ကြောင်းမှဦးဆောင်ပြီး ဆန္ဒပြလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။
အာဏာရှင်စနစ်အောက်မှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် လုပ်ကိုလုပ်ရမယ့် တာဝန်တရပ်ဖြစ်တယ်လို့ ဆန္ဒပြသပိတ်ဦးဆောင်သူတွေက ဆိုပါတယ်။
နောက်ပြီးဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်ကော်မရှင်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်လာနေကြပါတယ်။

















