Border News Agency
မွန်ပြည်၊ မေ ၁၀။
အာဏာသိမ်းစစ်တပ်စခန်းတွေကို မွန်ပြည်ကာကွယ်ရေးတပ် MSDFမှ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ MSDF အဖွဲ့မှ မေလ ၉ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒှ မွန်တပ်မှကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ရော့ကတ်တွေနဲ့ စစ်တပ်စခန်းတွေကို ဧပြီလအတွင်းမှာ ၁၁ ကြိမ်ထိ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
MSDFအနေနဲ့ ရော့ကတ်ထုတ်လုပ်ရေးနဲ့ ပစ်ခတ်တိုက်ခိုက်ရေး နည်းပညာတွေကို Reapper GALON Columnနဲ့ ပူးတွဲပြီး သွားရောက်သင်ယူခဲ့တာလို့ဆိုပါတယ်။
















