Border News Agency
ရမ်းဗြဲ၊ မေ ၂၁။
ရမ်းဗြဲမြို့နယ်ကို မေလ ၂၀ ရက်၊ မနက်ပိုင်းက အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ဆရာတော်တပါးနဲ့ ပြည်သူတဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အဲဒီရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီးရွာမဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်ကဆူဆိုဒ်ဒရုန်းနှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် သက်တော် ၄၂ နှစ်အရွယ်ကျောင်းထိုင်ဆရာတော်ဣဓကနဲ့ ဦးမောင်ဖြူအေးရဲ့သား အသက် ၁၆ နှစ်အရွယ် မောင်မြတ်ထွေးတို့ဒဏ်ရာရသွားခဲ့တာပါ။
အဲဒီအပြင်ကားတစီး ထိခိုက်ပျက်စီးသွားတယ်လို့ဆိုပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေယာဥ်အုပ်စုလိုက်လာရောက်လေကြောင်းတိုက်ခိုက်တာတွေ ပိုမိုလုပ်နေတာမို့ အရပ်သားပြည်သူတွေလည်း သေဆုံးဒဏ်ရာရနေကြပါတယ်။









