Border News Agency
ထိုင်း၊မေ ၂၃။
ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ San Phi Suea ဒေသမှာ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို နှိမ်နင်းဖို့အတွက် ထိုင်းရဲတပ်ဖွဲ့က မိုးကြိုးစစ်ဆင်ရေး နဲ့ နေရာ ၁၀ ခုကို မေလ ၂၂ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့တာကြောင့် မြန်မာနိုင်ငံသား ၂၀ အပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၁၅၀ ဖမ်းဆီးခံလိုက်ရပါတယ်။
အဲဒီစစ်ဆင်ရေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းမိုင်မှာမြန်မာအမျိုးသမီးတဦး အသတ်ခံရမှုကြောင့် ဒေသခံတွေကြားထိတ်လန့်နေတာကို လျှော့ချဖို့နဲ့ လူထုယုံကြည်မှု ပြန်ရဖို့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒိဖမ်းဆီးရမိတဲ့ နိုင်ငံခြားသား ၁၅၀ ကို ရာဇဝတ်မှုမှတ်တမ်းတွေ ကောက်ယူထားပြီး ဥပဒေချိုးဖောက်တဲ့ မြန်မာ ၂၀ ကိုတော့ အရေးယူ တရားစွဲဆိုထားပါတယ်။
အရေးယူခံရတဲ့ မြန်မာ ၂၀ ထဲမှာ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုနဲ့ ၁၅ ဦး၊အလုပ်သမားကတ် အချိန်မှီမပြနိုင်မှုနဲ့ ၂ ဦး၊ တရားမဝင် ခိုးဝင်မှုနဲ့ ၂ ဦးနဲ့ ကရင်မျိုးနွယ်စုဝင် ၁ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။










