Border News Agency
အိန္ဒိယ၊မေ ၃၀။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မေလ ၃၀ ရက်၊ဒီနေ့ မနက်ပိုင်းမှာ အိန္ဒိယနိုင်ငံ၊ဂါယာအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်နေပါတယ်။
သူနဲ့အတူ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဒေါက်တာချာလီသန်း၊ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးနဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ဆွေ အပါအဝင် ဒု-ဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားကြတာပါ။
အာဏာသိမ်းကောင်စီအဖွဲ့ဝင်တွေ လိုက်ပါသွားတဲ့ အထူးလေယာဉ်ဟာ ဒီနေ့မနက်ပိုင်းက နေပြည်တော်လေဆိပ်ကနေ စတင်ထွက်ခွာခဲ့တာဖြစ်ပြီး ဂါယာလေဆိပ်ကို ဆိုက်ရောက်လာတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိမ်နီးချင်းအိန္ဒိယနိုင်ငံကို မင်းအောင်လှိုင်ပထမဆုံးအကြိမ်သွားရောက်တာပါ။
အဲဒီခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံအကြား စစ်ရေး၊ စီးပွားရေးနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးဆိုင်ရာကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးဖို့နဲ့အိန္ဒိယဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ နှစ်နိုင်ငံသံတမန်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးမြှင့်တင်ဖို့ သွားရောက်တာဖြစ်ပါတယ်။




















