Border News Agency
ရွှေဘို၊ ဇွန် ၁၉။
စစ်ကိုင်းဒေသ ၊ ရွှေဘိုမြို့နယ်မှာ မြို့နယ် သပိတ်အင်အားစုမှဦးဆောင်ပြီး နှင်းဆီလှုပ်ရှားမှုကို ဇွန်လ ၁၈ရက်၊မနေ့ကပြုလုပ်ခဲ့ပါတယ်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့် မွေးနေ့အတွက် နှင်းဆီလှုပ်ရှားမှုမှာပါဝင်နေကြတာဖြစ်ပါတယ်။
လူတိုင်း၊လူတိုင်း လက်လှမ်းမှီရာ နှင်းဆီပန်း သို့မဟုတ် ပန်းတပွင့်စီ အသင့်ပြင်ထားကြပါ။ ဘုရားတင်ပါ၊ပန်ဆင်ပါ၊အွန်လိုင်းမှာ ပုံတင်ပါ၊မြေပြင်သပိတ်တွေမှာ ကိုင်ဆောင်ကြပါ။” လို့ ရွှေဘိုမြို့နယ် သပိတ်အင်အားစုက ဆိုပါတယ်။
အဲဒီအပြင် နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်ရေး ၊ အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်ရေးတို့အတွက်လည်း တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
“နှင်းဆီလှုပ်ရှားမှု” ကြီးမှာ ပြည်တွင်း၊ပြည်ပ ပြည်သူတရပ်လုံး အင်တိုက်အားတိုက်ပါဝင်ပေးကြဖို့ကိုလည်း ရွှေဘိုမြို့နယ် သပိတ်အင်အားစုက တိုက်တွန်းထားပါတယ်။






















