Border News Agency
လေးမြို့၊ ဇွန် ၂၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ လေးမြို့ဒေသမှာ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ဖို့အတွက် “Green Arakkha” စီမံကိန်းနဲ့အညီ အာရက္ခအစိုးရရဲ့တာဝန်ရှိသူတွေက ဒေသခံချင်းလူငယ်တွေ (PYA) နဲ့ ပူးပေါင်းပြီး မိုးရာသီသစ်ပင် စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာ လေးမြို့ဒေသထဲက ဘာသာရေးကျောင်းတွေနဲ့ စာသင်ကျောင်းဝင်းတွေမှာ ဒေသရာသီဥတုနဲ့ကိုက်ညီတဲ့ ကျွန်း၊ ပြိုင်း၊ မင်းဇရီနဲ့ စိန်ပန်းပင် စုစုပေါင်း ၃၅၀ မျိုးကို စုပေါင်းစိုက်ပျိုးခဲ့ကြတာပါ။
အဲဒီအပြင် ချင်းလူငယ်တွေရဲ့ အားကစားကဏ္ဍနဲ့ စည်းလုံးညီညွတ်မှုတိုးတက်စေဖို့အတွက်လည်း မြောက်ဦးမြို့နယ်ပါတီရုံးကနေ အားကစားပစ္စည်းတွေကို ထောက်ပံ့ပေးအပ်ခဲ့ပါသေးတယ်။
အဲဒီသစ်ပင်စိုက်ပျိုးရေး လုပ်ငန်းတွေကိုတော့ အာရက္ခဒေသတဝှမ်းမှာရှိတဲ့ မြို့နယ်၊ ရပ်ရွာတွေမှာဇွန်လ ဒုတိယအပတ်ကတည်းက ဒေသခံပြည်သူတွေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး အရှိန်အဟုန်နဲ့လုပ်ဆောင်နေတာဖြစ်ပါတယ်။















