Border News Agency
သံတွဲ၊ ဇူလိုင် ၆။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်မှာ ဇူလိုင်လ ၅ ရက်နေ့က လေပြင်းတိုက်ခတ်လို့ လူနေအိမ်လေးဆယ်ငါးဆောင်ခန့်ပျက်စီးသွားပါတယ်။
အဲဒီသံတွဲမြို့နယ်၊ ပိန်းတောကြီးရွာမှာ ဇူလိုင်လငါးရက်နေ့ ညနေခြောက်နာရီကျော်အချိန်ခန့်က လေပြင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလေပြင်းတိုက်ခတ်မှုကြောင့် ပိန်းတောကြီးရွာမှ နေအိမ်လေးဆယ်ငါးဆောင်ပျက်စီးသွားသလို လူဦးရေနှစ်ရာခန့်အိုးမဲ့အိမ်မဲ့ဖြစ်သွားကြပါတယ်။














