Border News Agency
ထိုင်း၊ သြဂုတ် ၄။
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မဲအိုင်မြို့နယ်၊ ပန်နိုင်ရွာအနီးမှာ မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းနေတဲ့ သတင်းကြောင့် ဖာမောင်းစစ်ကြောင်းက သွားရောက်စစ်ဆေးရာမှ မူးယစ်အဖွဲ့နဲ့ ငါးမိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီပန်နိုင်ရွာအနီးမှာ ဩဂုတ် ၁ ရက်၊ ည ၈ နာရီအချိန်မှာ မသင်္ကာဖွယ် အမျိုးသားသုံးဦးမှငါးဦးခန့်ကို စစ်ဆေးဖို့ပြုလုပ်စဉ် တဖက်အဖွဲ့က သေနတ်နဲ့စတင်ပစ်ခတ်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။
အဲဒီအခင်းဖြစ်နေရာကို သြဂုတ်လ ၂ ရက်နေ့က ဝင်ရောက်ရှင်းလင်းရာ မူးယစ်အဖွဲ့ဘက်က အလောင်းတလောင်းနဲ့အတူ ယာဘာဆေးပြား သုံးသိန်း၊ ထိုင်းလုပ်သေနတ်တလက်နဲ့ ကျည်ခွံငါးခုတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဖာမောင်းစစ်ကြောင်းတာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး သက်သေခံပစ္စည်းအားလုံးကို မဲအိုင်ရဲစခန်းဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။













