Border News Agency
စစ်ကိုင်း၊ ဩဂုတ် ၂၁။
စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်၊ဆွဲလဲအိုကျေးရွာ ရွာဦးဘုန်းကြီးကျောင်းမှာ ဒေသခံတွေဥပုသ်သီလဆောက်တည်နေချိန် ဩဂုတ်လ ၂၁ ရက်၊ဒီနေ့မနက်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့ကြောင့် သံဃာတော်အချို့ အပါအဝင် ပြည်သူဆယ်ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရသွားခဲ့ပါတယ်။
ဆွဲလဲအိုရွာဓမ္မာရုံအတွင်း ဒေသခံတွေသီလယူနေစဉ် အာဏာသိမ်းစစ်တပ်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး သီလပေးနေတဲ့ဆရာတော်ရဲ့ ခေါင်းပေါ်တည့်တည့်သို့ဗုံးကျရောက် ပေါက်ကွဲခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် အခင်းဖြစ်နေရာမှာတင် သေဆုံးသူခုနှစ်ဦးရှိခဲ့ပြီး ဒဏ်ရာပြင်းဒဏ်သူတွေလည်းရှိနေပါတယ်။
အဲဒီအပြင် ပြည်သူအများအပြား ပြင်းထန်ဒဏ်ရာရထားလို့ အရေးပေါ် ဆေးဝါးကုသပေးနေရပြီး ထပ်မံ လေကြောင်းတိုက်ခိုက်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။












