Border News Agencyဘူးသီးတောင်၊ စက်တင်ဘာ ၂၀။ Justice for Arakan Telegram Channel ဆီ တိုင်ကြားလိုတဲ့ အာရက္ခပြည်သူတွေအနေနဲ့ နည်းပညာအခက်အခဲကြောင့် ဖုန်းနဲ့စာရိုက်ဖို့ မလွယ်ကူရင် စာရွက်ပေါ်မှာ ဘောပင်နဲ့ရေးသားပြီး ဖုန်းနဲ့ဓာတ်ပုံရိုက်ကာ ပေးပို့တိုင်ကြားနိုင်တယ်လို့...
Read moreBorder News Agencyဘူးသီးတောင်၊စက်တင်ဘာ ၁၃။ ရသေ့တောင်မြို့နယ်ကနေ ဘူးသီးတောင်မြို့နယ်ကို စက်လှေနဲ့ခရီးသွားချိန် ဩဂုတ်လ ၃၀ ရက်က ရေနစ်ပျောက်ဆုံးခဲ့တဲ့ ဒု-မူလတန်းပြကျောင်းဆရာ ဦးစိုးမြတ်ကျော်ရဲ့ ရုပ်အလောင်းကို ပြန်ရှာဖွေတွေ့ခဲ့ပါတယ်။ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှာနေထိုင်တဲ့ အသက်သုံးဆယ့်ခြောက်နှစ်အရွယ် ဆရာဦးစိုးမြတ်ကျော်ဟာ ဘူးသီးတောင်မြို့နယ်၊...
Read moreBorder News Agencyဘူးသီးတောင်၊ စက်တင်ဘာ ၁၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊မယူတောင်တန်းအနီးမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ လှုပ်ရှားသွားလာနေကြတယ်လို့ ဒေသခံတွေကအတည်ပြုပြောကြပါတယ်။ အဲဒီဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊မယူတောင်ခြေက ဝရကျွန်း၊ဒိုးတန်းစတဲ့ကျေးရွာမှာ စက်တင်ဘာလ ၉ ရက်နေ့က ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ ဝင်ရောက်နေကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒါကြောင့် ဒေသတွင်းလက်နက်ကိုင်ပဋိပက္ခတွေဖြစ်လာမှာကို...
Read moreBorder News Agencyဘူးသီးတောင်၊စက်တင်ဘာ ၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့နယ်၊ ကာဒီကျေးရွာအနီး ပြီးခဲ့တဲ့ဩဂုတ်လ ၃၀ ရက်၊ညပိုင်းက ရသေ့တောင်မှ ဘူးသီးတောင်သို့ ခရီးသည်ဆယ်ဦးနဲ့မောင်းနှင်လာတဲ့ စက်လှေတစီးလှိုင်းထန်ကာရေနစ်မြုပ်ခဲ့ပါတယ်။ အဲဒီစက်လှေပိုင်ရှင်မောင်းနှင်လာသူဟာ အရက်သေစာသောက်စားထားသူဖြစ်ပြီး နစ်မြုပ်မှုကြောင့် ညောင်ချောင်းကျေးရွာစာသင်ကျောင်းမှကျောင်းဆရာစိုးမိုးကျော်ရေနစ်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဒေသခံတွေကစက်လှေတွေနဲ့ အမြန်ဆုံးသွားရောက်ကယ်ဆယ်ခဲ့တာကြောင့်...
Read moreBorder News Agencyဘူးသီးတောင်၊ ဩဂုတ် ၁၇။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့နယ်မှာ ပြီးခဲ့တဲ့ဇူလိုင်လက ရေကြီးမှုကြောင့် ညစ်ညမ်းသွားတဲ့သောက်သုံးရေကန်တွေကို အာရက္ခအစိုးရနဲ့ ဒေသခံတွေပူးပေါင်းပြီး ပြန်လည်သန့်စင်ပေးနေပါတယ်။ အဲဒီဘူးသီးတောင်မြို့နယ်၊ဂေါင်နီရွာရှိ ရေမြုပ်သွားတဲ့သောက်သုံးရေကန်ကို သြဂုတ်လ ၁၅ ရက်နေ့က ရခိုင်၊ဟိန္ဒူနဲ့ မူဆလင်...
Read moreBorder News Agencyဘူးသီးတောင်၊ ဩဂုတ် ၁၅။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့နယ်က မြိုလူမျိုးသုံးရွာရှိဒေသခံတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဩဂုတ်လ ၁၄ ရက်နေ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါတယ်။ အဲဒီဘူးသီးတောင်မြို့နယ်၊ဘိုကလေ(ရွာသစ်)၊ဘိုကလေ(ရွာဟောင်း)နဲ့ ကြောင်ဇာရွာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တာပါ။ အဲဒီအပြင်ကျန်းမာရေးအသိပညာပေးတာတွေလည်းလုပ်ခဲ့ပါတယ်။ ဒေသခံပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ...
Read moreBorder News Agencyဘူးသီးတောင်၊ ဇူလိုင် ၃၁။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့နယ်က မူဆလင်ကျောင်းသား၊ ကျောင်းသူတွေကို အစိုးရအတန်းစာပညာသင်ကြားရေးအတွက် ဇူလိုင်လ ၂၆ ရက်နေ့က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)နဲ့ မော်လဝီဆရာတွေ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီမောင်တောခရိုင်တာဝန်ရှိသူတွေ၊ မောင်တောခရိုင်အုပ်ချုပ်ရေး၊ ပညာရေးတာဝန်ရှိသူတွေ၊ ဘူးသီးတောင်မြို့နယ်တာဝန်ရှိသူတွေ၊...
Read moreBorder News Agencyဘူးသီးတောင်၊ဇူလိုင် ၂၄။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ဘူးသီးတောင်မြို့နယ်မှာပြည်သူတွေနှစ်ဆယ့်ငါးနှစ်ကျော်ကြာထိခိုက်စေခဲ့တဲ့တရားမဝင် ဆားငံတာကိုးခုကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုး ရစစ်ပြီး ဇူလိုင်လ ၂၀ ရက်နေ့ဖျက်သိမ်းခွင့်ပြုလိုက်ပါတယ်။ အဲဒီဆားငံတာတွေဟာ ဆီးအိုးကျ၊ကြိမ်ချောင်း၊ဖုံညိုလိပ်၊နနွင်းတူးနဲ့ကန်ဒက်ကျေးရွာမှာရှိပြီး မူဆလင်အိမ်ထောင်စု လေးထောင့်လေးရာတဆယ့်ရှစ်စု၊လူ ဦးရေတသောင်းခြောက်ထောင့်ငါးရာသုံးဆယ်ဦးနဲ့လယ်သမားခြောက်ဆယ်ခုနှစ်ဦးရဲ့ စိုက်ပျိုးမြေ ဧကသုံးရာ့ငါးဆယ်ခန့်ကို ဆားငံရေဝင်ပျက်စီးစေခဲ့တာပါ။ အဲဒါကြောင့်...
Read moreBorder News Agencyဘူးသီးတောင်၊ ဇူလိုင် ၁၆။ ဘူးသီးတောင်မြို့နယ်ကရေဘေးသင့်ပြည်သူတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ကဆန်နဲ့စားနပ်ရိက္ခာတွေကို ဇူလိုင်လ ၁၅ ရက်နေ့ထောက်ပံ့ခဲ့ပါတယ်။ မိုးရွာသွန်းမှုကြောင့် ဘူးသီးတောင်မြို့နယ်ရှိကျေးရွာတချို့ရေကြီးရေလျှံခဲ့ရတာပါ။ ရေဘေးပြည်သူတွေကို အာရက္ခအစိုးရ ဘေးလွတ်ရာရွှေ့ပြောင်းပေးတာနဲ့ အ ရေးပေါ်ကူညီမှုလုပ်ခဲ့တာပါ။ သံခြွေရွာ(ဈေးတန်း)၊...
Read moreBorder News Agencyဘူးသီးတောင်၊ဇူလိုင် ၁၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ဘူးသီးတောင်မြို့ပေါ်နေရာတချို့ဟာ ဇူလိုင်လ ၁၂ ရက်၊ဒီနေ့ ရေတက်နေပါတယ်။ အဲဒီဘူးသီးတောင်မြို့မှာမိုးရွာနေသလိုတောင်ကျရေတွေကြောင့် ရေတက်နေသလို မယူမြစ်ရေလည်း တက်နေတယ်လို့ ဆိုကြပါတယ်။ အာရက္ခတပ်တော်ထိန်းချုပ်မြို့တချို့ဟာ မိုးများရေလျှံတာတွေဖြစ်နေပြီးရေဘေးသင့်ပြည်သူတွေ အကူအညီတွေလိုအပ်နေကြပါတယ်။
Read moreHey! Don't Copy my content.