စစ်တွေခရိုင်

ကုလားတန်မြစ်ထဲက စစ်ရေယာဥ်သုံးစင်းကို အာရက္ခတပ်တော်ပစ်ခတ်

​Border News Agencyစစ်တွေ၊အောက်တိုဘာ ၂၈။ အာရက္ခဒေသ၊စစ်တွေမြို့နဲ့ ဝီရဌာနီအကြား ကုလားတန်မြစ်ဝမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောသုံးစီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူခိုင်သုခကပြောပါတယ်။ ​သတင်းကျွတ်လပြည့်ညမှာ ရေကြောင်းစစ်ဆင်ရေးတခုဖော်ဆောင်ခဲ့တာဖြစ်ပြီး စစ်သင်္ဘောသုံးစီးထဲကနှစ်စီးမှာ လုံးဝနစ်မြုပ်သွားကာ ကျန်တစီးမှာလည်းဆိုးဆိုးရွားရွားထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒီအပြင်...

Read more

စစ်ရှောင်မျက်စိဝေဒနာရှင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ကုသပေး

Border News Agency စစ်တွေ၊ အောက်တိုဘာ ၂၅။ အာရက္ခဒေသ၊ စစ်တွေခရိုင်မှ စစ်ဘေးရှောင်မျက်စိဝေဒနာရှင်တရာ့သုံးဆယ်ခြောက်ဦးကို စက်တင်ဘာလအတွင်းက အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ မျက်စိအခမဲ့ခွဲစိတ်ကုသပေးခဲ့ပါတယ်။ စစ်တွေခရိုင်အတွင်းရှိ စစ်ရှောင်တွေထဲမှ မျက်စိဝေဒနာရှင်လူနာ ခြောက်ရာခုနှစ်ဆယ်ရှစ်ဦးကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မျက်စိစမ်းသပ်ကိရိယာတွေနဲ့ စမ်းသပ်ကုသပီးခဲ့ပြီး အဲဒီထဲမှ...

Read more

ဝီရဌာနီမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ လေးဦးဒဏ်ရာရ

​Border News Agency ဝီရဌာနီ၊အောက်တိုဘာ ၂၄။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဝီရဌာနီမြို့နယ်ရှိကျေးရွာနှစ်ရွာကို အောက်တိုဘာလ ၂၄ ရက်၊ဒီနေ့ မနက် ၆ နာရီအချိန်ခန့်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလေးဦးဒဏ်ရာရသွားခဲ့ပါတယ်။ ​အဲဒီဝီရဌာနီမြို့နယ်၊သဝင်ချောင်းကျေးရွာနဲ့ အဝကန်ကျေးရွာကို အာဏာသိမ်းစစ်တပ်လေကြောင်းမှ ရွယ်ရည်ချက်ရှိရှိ Y-12...

Read more

ပန်းနီလာရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံး

Border News Agency ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၂၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်းမြို့နယ်၊ပန်းနီလာကျေးရွာကို အောက်တိုဘာလ ၂၃ ရက်နေ့၊ ဒီနေ့နေလည် ၂ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရသွားပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ပန်းနီလာကျေးရွာကအသက်လေးဆယ်ခြောက်နှစ်အရွယ်ဦးလှချေတင်သေဆုံးသွားပြီးအသက်ခြောက်ဆယ်သုံးနှစ်အရွယ်ဒေါ်အေးနု၊အသက်နှစ်ဆယ်ငါးနှစ်အရွယ်အောင်လင်းစိုးဒဏ်ရာရသွားပါတယ်။ အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ပန်းနီလာကျေးရွာကားလမ်းပေါ်မှာကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

Read more

ငပြီကျွန်းတိုက်ပွဲ အပြင်းထန်ဆုံးဖြစ်နေ

​Border News Agency ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၂၃။ ​အာဏာသိမ်းစစ်တပ်က ကမ်းတက်ထိုးစစ်ဆင် သိမ်းယူဖို့ကြိုးစားနေတဲ့ ကုလားတန်မြစ်ဝက ငပြီကျွန်းတိုက်ပွဲမှာနှစ်ဘက်အကျအဆုံးများပြီး အပြင်းထန်ဆုံးဆက်ဖြစ်နေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တွေက အတည်ပြုပြောပါတယ်။ အဲဒီ​ငပြီကျွန်းဟာ ကုလားတန်မြစ်ကြောင်း ထိန်းချုပ်စိုးမိုးရေးအတွက် အဓိကဝင်ပေါက်ဖြစ်တာကြောင့် နှစ်ဘက်အပြင်းအထန်ဆုံး...

Read more

စစ်တွေမြို့ထဲ လက်နက်ကြီးကျလို့ ငါးဦးသေဆုံး

​Border News Agency စစ်တွေ၊ အောက်တိုဘာ ၂၃။ အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ ​စစ်တွေမြို့ထဲမှာ အောက်တိုဘာလ ၂၃ ရက်၊ ဒီနေ့မနက် ၇ နာရီ ၅၀ မိနစ်အချိန်ခန့်က မင်းဘာကြီးလမ်း၊ရွှေငါးစတိုးခွ ဆုံအနီးကို လက်နက်ကြီးကျရောက်လို့ငါးဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိကြပါတယ်။ ​အဲဒီသေဆုံးဒဏ်ရာရသူတွေအကြောင်းအသေးစိတ်ကို...

Read more

အယ်လ်နီညိုဒဏ်မှ ရပ်ရွာအသက်မွေးဝမ်းကျောင်းတွေကို ဘယ်လိုကာကွယ်ကြမလဲ

​Border News Agency ရသေ့တောင်၊ အောက်တိုဘာ ၂၂။ ​လာမယ့်ဆောင်းရာသီနဲ့ နွေရာသီကာလတွေမှာအယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ရေရှားမှုတွေ၊အပူချိန်မြင့်မားတာတွေနဲ့ ဈေးနှုန်းကြီးမြင့်တာတွေ ကြုံတွေ့ရနိုင်တာမို့ ပြည်သူတွေအနေနဲ့လက်တွေ့လိုက်နာဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ​၁။ဝင်ငွေရင်းမြစ် တိုးချဲ့ပါ အိမ်ထောင်စုတွေရဲ့ဝင်ငွေ (လယ်ယာ၊ ယာ၊ မွေးမြူရေး၊...

Read more

အယ်လ်နီညိုကြောင့်ရေရှားပါးနိုင်လို့ ကြိုတင်ပြင်ဆင်ထားဖို့လို

​Border News Agency ရသေ့တောင်၊ အောက်တိုဘာ ၂၁။ ​လာမယ့် ဆောင်းရာသီနဲ့ နွေရာသီတို့မှာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရေရှားပါးမှု၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနဲ့ ရေအားလျှပ်စစ် လျော့နည်းမှုတွေဖြစ်ပေါ်လာနိုင်လို့ ကြိုတင်ပြင်ဆင်ကြဖို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ ​အပူပိုင်းပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့...

Read more

ရခိုင်မှာ မိုးကြီးလေပြင်းတိုက်ခတ်နိုင်

​Border News Agency စစ်တွေ၊ အောက်တိုဘာ ၂၁။ ​ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းနဲ့ မိုးတိမ်တောင် ရွေ့လျားမှုတွေကြောင့် ရခိုင်ပြည်အတွင်းမိုးထစ်ချုန်းရွာပြီးလေပြင်းတိုက်ခတ်နိုင်တယ်လို့ အမျိုးသားမိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာလ ၂၁ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။ ​ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာတိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ရခိုင်ပြည်အပါအဝင် တိုင်းနဲ့ပြည်နယ်အများစုမှာ...

Read more

ဝီရဌာနီမြို့နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ နှစ်ဦးသေဆုံး

​Border News Agency ဝီရဌာနီ၊ အောက်တိုဘာ ၂၁။ ​အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဝီရဌာနီမြို့နယ်ကိုအောက်တိုဘာလ ၂၀ ရက် ညပိုင်းမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးပြီးခြောက်ဦးဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီပြားသူကြွယ်ရွာ၊ မြို့ပေါ်ရပ်ကွက်တွေနဲ့ လက်ပံပြားရွာတွေကို ည ၉ နာရီခွဲအချန်ကစလို့ အာဏာသိမ်းစစ်တပ်က...

Read more
Page 1 of 32 1 2 … 32

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here