Border News Agency
ဝီရဌာနီ၊အောက်တိုဘာ ၂၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဝီရဌာနီမြို့နယ်ရှိကျေးရွာနှစ်ရွာကို အောက်တိုဘာလ ၂၄ ရက်၊ဒီနေ့ မနက် ၆ နာရီအချိန်ခန့်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလေးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဝီရဌာနီမြို့နယ်၊သဝင်ချောင်းကျေးရွာနဲ့ အဝကန်ကျေးရွာကို အာဏာသိမ်းစစ်တပ်လေကြောင်းမှ ရွယ်ရည်ချက်ရှိရှိ Y-12 နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် သဝင်ချောင်းကျေးရွာသားသုံးဦးနဲ့အဝကန်ကျေးရွာသားတဦးဒဏ်ရာရရှိခဲ့တာကြောင့် အရေးပေါ် ဆေးကုသမှုခံယူနေရပါတယ်။
အဲဒီဝီရဌာနီမြို့နယ်၊ပြားသူကြွယ်ရွာ၊ မြို့ပေါ်ရပ်ကွက်တွေနဲ့ လက်ပံပြားရွာတွေကို အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့ကြောင့် ပြားသူကြွယ်ရွာမှ အသက်သုံးဆယ်ခုနှစ်နှစ်အရွယ် ဒေါ်ခင်ရွှေဦးနဲ့ အသက်လေးဆယ်နှစ်နှစ်အရွယ်အရွယ် ဦးနိုင်ဝင်းတို့ သေဆုံးခဲ့ပါတယ်။
အဲဒီအပြင်မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေက အရပ်သားခြောက်ဦးလည်းဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။








