Border News Agency
မော်လမြိုင်၊ အောက်တိုဘာ ၅။
ရာမညမွန်တပ်တော်(NMSP-AD / RMA)ရဲ့ အနီးကပ်တိုက်ခိုက်ရေး(COB)သ င်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ အောက်တိုဘာလ ၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)ရာမညမွန်တပ်တော်မှ ဦးဆောင်ပြီးသင်ကြားပေးခဲ့တဲ့ အနီးကပ်တိုက်ခိုက်ရေးသင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့စက်တင်ဘာလ ၄ ရက်နေ့က လွှတ် မြောက်နေရာတနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသင်တန်းဆင်းရဲဘော်တွေဟာအခက်အခဲတွေကို ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့ ကျော်ဖြတ်ခဲ့ကြရပြီး သင်တန်းကာလတစ်လျောက်လုံးမှာ စွမ်းဆောင်ရည်ကို ပြသတဲ့အနေနဲ့စစ်ရေးသရုပ်ပြတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)ရာမညမွန်တပ်တော်( NMSP-AD / RMA )မှဥက္ကဌ နိုင်ဇေယျ၊စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်စလွန်းထော၊ သင်တန်းဆရာသက်နိုင်လင်း၊သင်တန်းဆရာတွေနဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။














