Border News Agency
မန္တလေး၊ အောက်တိုဘာ ၂၀။
မန္တလေးပြည်သူ့ကာကွယ်ရေး တပ်မတော်မှာ အခြေခံစိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့သင်တန်းပြုလုပ်ခဲ့တယ်လို့ အောက်တို ဘာလ ၂၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသင်တန်းကို မန္တလေးပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့တပ်မှူးတွေ တတ်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ စိတ်ကျန်းမာရေးအခြေခံ ဗဟုသုတတွေ၊ အကြပ်အတည်းကာလအတွင်း ခန္ဓာကိုယ်မှတုံ့ပြန်ပုံတွေ၊ အခြေခံစိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးတဲ့နည်းလမ်းတွေကို သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။
စိတ်ပိုင်းဆိုင်ရာပညာပေးတာ၊ စိတ်ပိုင်းဆိုင်ရာကနဦး ပြုစုစောင့်ရှောက်တာ(PFA)၊ မိမိကိုယ်ကိုဂရုစိုက်စောင့်ရှောက်တာ(Self Care)စတဲ့ သင်ခန်းစာတွေကို
သီအိုရီနဲ့လက်တွေ့လေ့လာသင်ယူခဲ့ကြတယ်လို့ ဆိုပါတယ်မန္တလေးပြည်သူ့ကာကွယ်ရေး တပ်မတော်မှာ အခြေခံစိတ်ကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့သင်တန်းပြုလုပ်ခဲ့တယ်လို့ အောက်တို ဘာလ ၂၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။












