Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၆ ။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ဆယ့်ရှစ်ဦးသေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဒီဇင်ဘာလ ၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ဒီပဲယင်းမြို့နယ်၊ အရှေ့ခြမ်းမရကန်ကျေးရွာကို ဒီဇင်ဘာလ ၅ ရက်၊ မနေ့ ညနေ ၈ နာရီ ၁ မိနစ်အချိန်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားဆယ့်ရှစ်ဦးသေဆုံးခဲ့တာကို အတည်ပြုထားနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာရသွားကြတယ်လို့ဆိုပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ ငါးနှစ်အောက်ကလေးနှစ်ဦးနဲ့အမျိုးသမီးအများစုပါဝင်သလို နေအိမ်အများအပြားလည်း ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ်စိုးရိမ်ရသူတွေရှိသေးတာကြောင့် အခြေအနေကိုဆက်ပြီး စောင့်ကြည့်နေရဆဲဖြစ်တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ရည်ရွယ်ချက်ရှိရှိနဲ့ အများပြည်သူနေထိုင်တဲ့ကျေးရွာတွေကို လေကြောင်းမှပစ်ခတ်တိုက်ခိုတ်သတ်ဖြတ်တာတွေ နေ့စဉ်ပြုလုပ်နေပြီး ပြည်သူတွေ လေကြောင်းအန္တရာယ်အထူးဂရုစိုက်နေထိုင်ဖို့ကိုလည်း အသိပေးထားပါတယ်။























