အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေရှိ ဈေးဆိုင်ပိုင်ရှင်တွေ စည်းကမ်းလိုက်နာမှု ရှိ၊ မရှိကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စည်ပင်သာယာရေးဌာနက ကွင်းဆင်းစစ်ဆေးနေပါတယ်။
အဲဒီလိုစစ်ဆေးရာမှာ ဆိုင်ပိုင်ရှင်တွေအနေနဲ့ စည်ပင်ကချမှတ်ထားတဲ့ ဈေးစည်းမျဉ်းစည်းကမ်းတွေကို သေချာလိုက်နာခြင်း ရှိ၊ မရှိကို အဓိကထား ကြည့်ရှုနေတာဖြစ်ပါတယ်။
အဲဒီထဲအထူးသဖြင့် သတ်မှတ်ထားတဲ့မျဉ်းကို ကျော်ပြီး လူသွားလမ်းတွေပေါ်မှာ ဈေးပစ္စည်းတွေ တိုးချဲ့ခင်းကျင်း ရောင်းချတာမျိုး ရှိ၊ မရှိကို လိုက်လံစစ်ဆေးနေတာပါ။
အဲဒီလိုစစ်ဆေးတာတွေကို စည်ပင်သာယာရေးဌာနနဲ့အတူ ဈေးကော်မတီ၊ အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DELPS) နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။
အဲဒီစစ်ဆေးချိန်အတွင်း စည်းကမ်းမလိုက်နာတဲ့ ဆိုင်ပိုင်ရှင်တွေကို သတိပေးတာတွေပြုလုပ်ခဲ့ပြီး စည်းကမ်းချိုးဖောက်ရင်တော့ စည်ပင်ဥပဒေအရ အရေးယူသွားမယ်လို့သိရပါတယ်။













